Celebrity

■ Taeyang ရဲ့ အသံကိုကြားပြီး မိုက်မကိုင်ဘဲ နားပဲနားထောင်ချင်တော့တယ်လို့ဆိုတဲ့ နာမည်ကျော်မင်းသား

ဒီ နာမည်ကျော် ထိပ်သီးမင်းသား သရုပ်ဆောင်လည်းကောင်းသလို သီချင်းသီဆိုတာလည်း ကောင်း မွန်တဲ့ မင်းသားတစ်လက်ပါပဲ။ ဒါပေမဲ့ BIGBANG အဖွဲ့ဝင် Taeyang ရဲ့ အသံကိုကြားပြီး မိုက်မကိုင် ဘဲ နားပဲနားထောင်ချင်တော့တယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါမင်းသားကတော့ အခြားမဟုတ်ပါဘူး။ နာမည်ကျော် မင်းသား Joo Won ပဲဖြစ်ပါတယ်။ Joo Won ဟာ MBC ရဲ့“Radio Star” အစီအစဉ်မှာပါဝင်ခဲ့တုန်းက ပြောဆိုခဲ့တာဖြစ်ပြီး စစ်တပ်အတွင်းမှာ ခင်မင်ရင်းနှီးခဲ့တဲ့ Idol ၊ Actor တွေနဲ့ပတ်သက်လို့လည်း ပြောခဲ့တာပါ။

Joo Won ဟာ စစ်တပ်အတွင်းမှာ မင်းသား Go Kyung Pyo ၊ Beenzino ၊ BIGBANG အဖွဲ့ဝင် Taeyang ၊ Daesung တို့နဲ့ခင်မင်ရင်းနှီးခဲ့ကြကာ စစ်တပ်အတွင်း ဖျော်ဖြေမှု Event တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့သူပါ။

Joo Won က “ စစ်တပ်ထဲမှာ ဖျော်ဖြေမှု Event တွေရှိပါတယ်။ စစ်သားတွေကို စိတ်သက်သာစေပြီး သန်မာစေဖို့အတွက် ဖျော်ဖြေတဲ့ပွဲတွေပါ။ ကျွန်တော်တို့ Cele တွေဟာ BIGBANG ရဲ့ သီချင်းတွေသီ ဆိုခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့ ရင်းနှီးသွားကြတာပါ။ အဖွဲ့ကတော့ သာမန်အဖွဲ့ပဲဆိုပေမယ့် စစ်သားတွေရဲ့အားပေးမှုကိုတော့ရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း ကျွန်တော်တို့ဟာ ရင်းနှီးနေဆဲ ပါ။

ကျွန်တော်ကတော့ သီချင်းနည်းနည်းပဲဆိုပါတယ်။ ဘာလို့လည်းဆိုတော့ Taeyang ရဲ့ အသံကိုကြား ပြီးတဲ့အခါမှာ မိုက်နဲ့ပတ်သက်တဲ့ ကျွန်တော်ရည်မှန်းချက်တွေကို ပျောက်သွားကုန်တာပါပဲ။ Taeyang ကိုပဲ မိုက်ပေးချင်နေပြီး သူ့သီချင်းနဲ့အသံကိုပဲ နားထောင်ချင်နေခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ရဲ့လှုပ် ရှားမှုကတော့ များသောအားဖြင့် စစ်သားတွေကိုစိတ်ဓါတ်အင်အားဖြစ်စေခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: Soompi

You cannot copy content of this page