K pop

■ ဘက်စုံထူးချွန်သူဆိုတဲ့ ချီးကျူးမှုတွေအပေါ် Jungkook ဘယ်လိုတုံ့ပြန်ခဲ့သလဲ

– – – Golden Maknae လို့ အမည်ရထားတဲ့ Jungkook ဟာ ဘယ်အရာမှမဆို ထူးချွန်သူလို့ သတ်မှတ်ခံထားရပြီး…

BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင် Jungkook ကတော့ Golden Maknae လို့ အမည်ပြောင်ရထားပြီး အသံပိုင်း၊ အဆိုပိုင်း စသဖြင့် ဘက်စုံထူးချွန်သူလို့ သတ်မှတ်ခံထားရတာပါ။

Rolling Stoneနဲ့ အင်တာဗျူးမှာတော့ Jungkook ဟာ Golden Maknae ဆိုတဲ့နာမည်ဟာ သူ့အတွက် ဖိအားအလွန်များပြားကြောင်း၊ သူဟာ ဘက်စုံထူးချွန်သူတစ်ယောက်လို့ ထင်မှတ်ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

Jimmy Fallon က “Jungkook ရေ။ မင်းက ဘက်စုံထူးချွန်သူလို့ လူသိများတယ်နော။် မင်းက အဆိုလည်းကောင်းတယ်။ အကလည်းကောင်းတယ်။ Video Game မှာလည်း တော်တယ်။ မင်း မတော်တာ ရှိသေးလား”လို့ မေးခဲ့ပါတယ်။

ဒီအခါမှာတော့ Jungkook က “အဲဒါက မမှန်ပါဘူး။ ကျွန်တော် မတော်တာတွေ အများကြီး ရှိပါတယ်။ အာရုံစိုက်မှုက အဓိက ပြဿနာပါ။ ကျွန်တော် အာရုံမစိုက်နိုင်တာတွေလည်း ရှိပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page