– – – – ဒီ အမျိုးသမီး Idol တွေဟာ K-pop လောကမှာ အကအတော်ဆုံးပဲလို့ပြောရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။
တောင်ကိုရီးယားနိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် Dancer တွေဟာ သေချာခွဲခြမ်းစိတ်ဖြာပြီး K-pop ရဲ့ အကအတော်ဆုံး အမျိုးသမီး Idol တွေကို ရွေးချယ်ခဲ့ပါတယ်။ သူတို့တွေဟာ Technique,Technique, Fluidity, Energy,Overall စတာတွေကို သတ်မှတ်ပြီးရွေးချယ်ခဲ့တာပါ။
အဲဒီလို ရွေးချယ်ခဲ့ရာမှာတော့ BoA က (၉.၁၃) မှတ်နဲ့ အဆင့် (၁၀)၊ ITZY အဖွဲ့ဝင် Yeji က အဆင့် (၉)၊ HyunA က အဆင့် (၈)၊ Girls’ Generation အဖွဲ့ဝင် Hyoyeon က အဆင့် (၇) နေရာမှာတို့မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး TWICE အဖွဲ့ဝင် Momo က အဆင့် (၆)၊ CLC အဖွဲ့ဝင် Seungyeonက အဆင့် (၅)၊ Chungha က အဆင့်် (၄)၊ IZ*ONE အဖွဲ့ဝင် Chaeyeon က အဆင့် (၃)၊ Hyolyn က အဆင့် (၂) နဲ့ BLACKPINK အဖွဲ့ဝင် Lisa က အားလုံးမှာ (၁၀) မှတ်အထိရရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *