– – -အချစ်ဆုံးသူငယ်ချင်းနဲ့ အကြိုက်ဆုံး Idol ကြား ရွေးချယ်ခိုင်းခဲ့ရာမှာတော့ Hwasa ရဲ့ အဖြေက စိတ်ဝင်စားစရာကောင်းခဲ့တာပါ။
MAMAMOO အဖွဲ့မှာ Hwasa နဲ့ Wheein ဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး သူတို့ကြားက သံယောဇဉ်ကလည်း လေးနက်တာ တွေ့ရမှာပါ။
သူတို့ဟာ အလယ်တန်းမှာကတည်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး MAMAMOO အဖွဲ့အထိ အတူတူ လျှောက်လှမ်းခဲ့ကြတာပါ။ တစ်ဖက် အနုပညာလောကမှာလည်း Hwasa က , Rihanna ကို တော်တော်လေး ရူးသွပ်သူပါ။
ဒါကြောင့် Wheein လား၊ Rihanna လားဆိုတဲ့ မေးခွန်းကတော့ Hwasa အတွက် အခက်တွေ့ရမယ့် မေးခွန်းမျိုးလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းကိုတော့ Hwasa က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေကြားသွားခဲ့တာပါ။
Fanmeeting ပွဲတစ်ခုမှာ Moonbyul က MAMAMOO ရဲ့ Concert ကိုသွားမလား၊ Rihanna ရဲ့ Concert ကိုသွားမလားလို့ မေးခဲ့ရာမှာတော့ Hwasa ရဲ့ အဖြေက Rihanna ပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် မကျေနပ်သေးဘဲ Wheein ရဲ့ Concert လား…Rihanna ရဲ့ Concert လားလို့ ထပ်မေးခဲ့ပါတယ်။
အဲဒီမှာတော့ Hwsa က တည်တည်ငြိငြိမ်နဲ့ “Jung Wheein ပဲပေါ့”လို့ ပြန်ဖြေခဲ့ပါတယ်။ Hwasa ရဲ့အဖြေကို MAMAMOO အဖွဲ့ဝင်တွေက ကျေနပ်ခဲ့ပြီး သဘောကျခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *