K pop

■ ဂျပန် ပျိုမေလေးတွေရဲ့ အသည်းနှလုံးဖြစ်တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင်တစ်ဦးဟာ ဂျပန် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ပါတဲ့…

ကမ္ဘာအနှံ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ BTS ရဲ့ Visual အဖွဲ့ဝင် V ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်ရွယ်၊ 20 ကျော်အရွယ်တို့ရဲ့ အသည်းကျော်လေးဖြစ်တယ်လို့ သိရ ပါတယ်။

မကြာသေးခင်က ဂျပန်နိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်ရွယ်၊ 20 ကျော်အရွယ်၊ 30 ကျော်အရွယ် မိန်းက လေးတွေကို ဆာဗေးကောက်ယူခဲ့ရာ BTS အဖွဲ့ဝင် V က Handsome အဖြစ်ဆုံး K-pop Group Member အဖြစ် နှစ်ခုမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန် မိန်းကလေးတွေ အရွယ်လိုက် ဆာဗေးကောက်ယူခဲ့တာဖြစ်ပြီး V က ဆယ်ကျော်သက်ရွယ်၊ 20 ကျော်အရွယ် မဲပေးမှုမှာ Handsome အဖြစ်ဆုံး K-pop Group Member အဖြစ် မဲပေးမှု ခံရတာဖြစ်ပါတယ်။ 30 ကျော်အရွယ် မိန်းကလေးတွေရဲ့ မဲပေးမှုမှာတော့ SHINee အဖွဲ့ဝင် Taemin က ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

V နဲ့ အတူ K-pop Idol တွေ မဲပေးမှုမှာ ပါဝင်ခဲ့သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဂျပန် ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေရဲ့ မဲပေးမှု

ဂျပန် 20ကျော်အရွယ် မိန်းကလေးတွေရဲ့ မဲပေးမှု

ဂျပန် အသက် 30 ကျော်အရွယ် မိန်းကလေးတွေရဲ့ မဲပေးမှု

-m2t
Ref: Allkpop

You cannot copy content of this page