Celebrity

■ ‘TMI News’ ရဲ့ ဈေးအကြီးဆုံးအိမ်မှာနေထိုင်တဲ့ Cele List ထဲမှာ ပါဝင်ခဲ့တဲ့ Song Joong Ki

—- နာမည်ကျော် မင်းသားချော Song Joong Ki ဟာ နောက်ဆုံး ‘TMI News’ က ထုတ်ပြန်တဲ့ ဈေးအကြီးဆုံးအိမ်မှာနေထိုင်တဲ့ Cele List (သို့) တောင်ကိုရီးယားနိုင်ငံအတွင်းရှိ Top 1% သာရှိတဲ့ အိမ်မှာ နေထိုင်တဲ့ Cele List မှာ ပါဝင်ခဲ့ပါတယ်။

ဇူလိုင်လ 14 ရက်နေ့က ထုတ်ပြန်တဲ့ Mnet’s ‘TMI News’ ဟာ ဈေးအကြီးဆုံးအိမ်မှာနေထိုင်တဲ့ Cele List ကို ထုတ်ပြန်ခဲ့ပြီး မင်းသား Song Joong Ki က ဒုတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

Song Joong Ki ဟာ သူ့ရဲ့ 10 ဘီလီယံဝမ်တန်ဖိုးရှိတဲ့ အိမ်ကြောင့် အခု List မှာပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ Song Joong Ki ရဲ့ 10 ဘီလီယံဝမ်တန်ဖိုးရှိတဲ့ အိမ်နားမှာ ဒေါ်လာသန်းပေါင်း များစွာ ချမ်းသာတဲ့ Chaebols မိသားစုကုမ္ပဏီတွေ၊ အလွန်ဘဏ္ဍာရေးတောင့်တင်းပြီး ပါဝါရှိကြတဲ့ နိုင်ငံရေးသမားတွေနေတဲ့ အဆောက်အဦးတွေရှိတာဖြစ်ပါတယ်။

ဒါ့အပြင် Song Joong Ki ဟာ အဆိုပါ 10 ဘီလီယံဝမ်တန်ဖိုးရှိတဲ့ အိမ်အပြင် Hawaii မှာ 2.8 ဘီလီ ယံဝမ်တန်ဖိုးရှိတဲ့ တိုက်ခန်းကိုပါ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ‘TMI News’ က ထုတ်ပြန်တဲ့ ဈေးအကြီးဆုံးအိမ်မှာနေထိုင်တဲ့ Cele List မှာ Jang Dong Gun နဲ့ Go So Young အတွဲက ထိပ်ဆုံး ကဦးဆောင်ခဲ့ပြီး Song Joong Ki ရဲ့ နောက်မှာ သရုပ်ဆောင် Jo In Sung က ရပ်တည်ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page