ဒီ Idol တွေ ဟာ အေဂျင်စီတွေပေါ် ခံစားချက်ကို သူတို့ရဲ့ သီချင်းတွေကနေတစ်ဆင့် ရဲရဲဝံ့ဝံ့ ပြန်တုံ့ပြန်ခဲ့ကြတာပါ။
Jay Park
Jay Park ဟာ အစက 2PM အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စကြောင့် JYP ရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် Jay Park ဟာ ကိုယ်ပိုင်အေဂျင်စီကိုတည်ထောင်ခဲ့ပြီး F*CKBOY သီချင်းထဲမှာ Park Jin Young ကို ဆော်ထားခဲ့တာပါ။
Tao (EXO အဖွဲ့ဝင်ဟောင်း)
EXO အဖွဲ့ဝင်ဟောင်း Tao ကလည်း T.A.O သီချင်းထဲမှာ SM မှာ ရှိစဉ်အခါက ခံစားချက်တချို့ကို ထည့်သွင်းရေးစပ်ထားခဲ့တာပါ။ သူ့အနေဲ့ အခုအခါ လွတ်လပ်သွားပြီဖြစ်ပြီး အတိတ်ကအကြောင်းတွေကို မေ့ပစ်လိုက်ချင်ကြောင်း၊ SM ဟာ Idol တွေကို စည်းကမ်းအရမ်းတင်းကြပ်တယ်လို့ ထည့်သွင်း စပ်ဆိုခဲ့တာပါ။
Zico
Zica ကတော့ အေဂျင်စီတစ်ခုတည်းကိုပဲ ရည်ရွယ်ပြီးဆိုတာမျိူး မဟုတ်ဘဲ K-pop လောကတစ်ခုလုံးရဲ့ လိုအပ်ချက်တွေကို ထောက်ပြခဲ့တာပါ။ K-pop အေဂျင်စီတွေဟာ သူတို့ရဲ့ Idol တွေကို ကျေးကျွန်သာသာပဲ ဆက်ဆံကြောင်း၊ Zico က Battle Royal သီချင်းထဲမှာ စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *