– — ဒီမင်းသမီးဟာ SNSD မှာ ပါဝင်ဖို့ လျာထားခြင်း ခံခဲ့ရပေမဲ့နောက်ဆုံးမှာ…
Girls’ Generation အဖွဲ့ဟာ K-pop နယ်ပယ်ရဲ့ ဒုတိယမျိုးဆက်ထဲ အကောင်းဆုံး အသုံးတော်ခံခဲ့တာပါ။
Girls’ Generation ဟာ K-pop ကို ကမ္ဘာအနှံ့ ပရိုမိုးရှင်းဆင်းပေးခဲ့တဲ့အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပြီး သူမတို့ကြောင့် K-pop ပရိသတ်ဖြစ်လာသူတွေ များစွာ ရှိနေပါတယ်။
Girls’ Generation ကို ၂၀၁၇ ခုနှစ်က အဖွဲ့ဝင် (၉) ယောက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ အဲဒီတုန်းက Girls’ Generation အဖွဲ့ထဲမှာ ပါဝင်ခွင့် မရလိုက်သူတွေလည်း ရှိပါတယ်။ ဒီအထဲကမှ နာမည်ကျော် Lee Yeon Hee ကလည်း တစ်ယောက်အပါအဝင်ပါ။
တလောတုန်းက Yuri ရဲ့ Youtube Channel မှာ Lee Yeon Hee တစ်ယောက် ပါဝင်ခဲ့ရာမှာတော့ သူမတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။ အဲဒီမှာ Yuri က Lee Yeon Hee အနေနဲ့ ချောလွန်းလို့ SNSD အဖွဲ့မှာ ပါခွင့်မရခဲ့တာလို့ ဆိုခဲ့ပါတယ်။
“Yeon Hee Unnie နဲ့ ပတ်သက်တဲ့အကြောင်းကို သေသေချာချာ မှတ်မိနေသေးတယ်။ Lee Yeon Hee က ဘာကြောင့် SNSD မှာ မပါခဲ့တာလဲ သိကြလား။ ဘာကြောင့်လဲဆိုတော့ Unnie က အရမ်းလှလွန်းနေလို့လေ။ သူမက တခြားအဖွဲ့ဝင်တွေကြားမှာ ထင်းထင်းကြီး ပေါ်နေမှာလို့ လူတွေက ပြောကြတယ်”လို့ Yuri က ဖွင့်ဟခဲ့ပါတယ်။
Lee Yeon Hee ကတော့ အဲဒီတုန်းက သူမအနေနဲ့ တခြားအဖွဲ့ဝင်တွေထက်စာရင် လေ့ကျင့်မှုအားနည်းခဲ့ပြီး လိုအပ်ချက်တွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo