– – -အဆိုပါ အစီအစဉ် တင်ဆက်သူကBTS ကို စပွန်ဆာအားကိုးနဲ့ တက်လာတာလို့ ဝေဖန်ခဲ့ပြီး…
BTS ဟာ ဒီကာလတစ်လျှောက်အတွင်း အခက်ခဲဆုံးလမ်းတွေကို ကျော်ဖြတ်ပြီး အမြင့်ဆုံးသော အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အပင်မြင့်လေ လေတိုက်လေဆိုသလို တစ်ဖက်မှာလည်းBTS အပေါ် ပုတ်ခတ်စော်ကားမှုတွေ ရှိနေတာပါ။ ကိုလံဘီယာ ရေဒီယိုရှိုး La Mega ကတော့ BTS ကို တိုက်ခိုက်ခဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
La Mega ရဲ့ အစီအစဉ်တင်ဆက်သူက BTS ရဲ့အောင်မြင်မှုကို အသရေဖျက်စော်ကားခဲ့တာပါ။ သူက ဘူမသိ၊ ကိုးမသိနဲ့ BTS အဖွဲ့ဝင်တွေကို တရုတ်ကကောင်တွေလို့ တောင် ပြောဆိုခဲ့ပါသေးတယ်။
“ဒီတရုတ်ကကောင်တွေက အောင်မြင်တာ မြန်လွန်းတယ်။ ပိုက်ဆံကြောင့်လေ။ သူတို့က ပိုက်ဆံနဲ့ Music Chart တွေကို ဝယ်ခဲ့တာ။ Grammys နဲ့ တခြားအရေးပါတဲ့ ဆုတွေကိုလည်း ငွေကြောင့် ရခဲ့တာပဲ။ သူတို့က စပွန်ဆာအားကိုးနဲ့ တက်လာတာပါ။ ဒီလိုသီချင်းမျိုးတွေကို ကျွန်တော်တို့ မကြိုက်ပါဘူး”လို့ စော်ကားခဲ့တာပါ။
ဒါကြောင့် ကိုလံဘီယာ ARMY တွေက ပြင်းပြင်းထန်ထန် ဒေါသထွက်လျက်ရှိနေပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကာ ပြန်တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒီအခါ အစီအစဉ်တင်ဆက်သူက တောင်းပန်မယ်ဆိုပြီး ကိုရီးယားနိုင်ငံတော်သီချင်းကိုဖွင့်စဉ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကာ ထပ်ပြီး လူမျိုးရေးခွဲခြားမှုပါ ပြုလုပ်ခဲ့ပါသေးတယ်။
BTS ရဲ့ ကိုလံဘီယာ fanclub BTS DREAM LAB COLOMBIA ကလည်း တရားဝင်စာထုတ်ပြီး တောင်းပန်ဖို့ ပြောဆိုထားပါတယ။် ဒါပေမဲ့ La Mega ကတော့ သူတို့ လွန်လွန်ကျူးကျူး လုပ်ခဲ့တာတွေအတွက် စိတ်ရင်းမှန်နဲ့ တောင်းပန်ခဲ့ခြင်းတော့ မရှိပါဘူး။
-Ref: Koreaboo