K pop

■ အသံပိုင်းနဲ့ ပတ်သက်ပြီး TXT ထဲမှာ Bang Chan အကြွှေရဆုံး အဖွဲ့ဝင်

– – -Bang Chan က ဒီအဖွဲ့ဝင်ရဲ့ အသံပိုင်းကို ကြွေနေခဲ့ပြီး..

Stray Kids အဖွဲ့ဝင် Bang Chan ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသူအဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါကြောင့် Bang Chan ဟာ ရင်းနှီးတဲ့ Idol တော်တော်များများရှိပြီး Live လွှင့်ရာမှာလည်း သူ့ရင်းနှီးတဲ့ Idol တွေအကြောင်းထုတ်ဖော် ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။

Chan’s Room ရဲ့ အပိုင်း (၁၁၄) မှာတော့ Bang Chan အနေနဲ့ ပရိသတ်တွေ နားထောင်သင့်တဲ့ သီချင်းကောင်းတွေကို မျှဝေခဲ့ပါတယ်။ အဲဒီမှာ သူက TXT ရဲ့ 20com သီချင်းကို အကြံပြုခဲ့တာပါ။

Bang Chan ဟာ အဲဒီသီချင်းကို ဖွင့်နေရင်း လိုက်ဒွန့်ခဲ့ပြီး ဒီသီချင်းကို သူ့အနေနဲ့ အလွန်နှစ်သက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆက်လက်ပြီး Bang Chan ဟာ TXT အဖွဲ့ထဲမှာ သူအကြိုက်ဆုံး အသံပိုင်ရှင်ကို ဖွင့်ဟခဲ့ပါတယ်။

သူကတော့ တခြားမဟုတ်ဘဲ Yeonjun ပါ။ “သူတို့သီချင်းဆိုတာက အလွန်လှပတယ်။ အထူးသဖြင့် Yeonjun ပေါ့။ ကျွန်တော်က Yeonjun ရဲ့အသံကို အလွန်နှစ်သက်တာပါ။ သူ့အနေနဲ့ သီချင်းအများကြီး ဆိုနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ Bang Chan က ဖွင့်ဟခဲ့ပါတယ်။

You cannot copy content of this page