—- 2021 နှစ်ဝက်မှာ “Powerhouse Sellers” သို့မဟုတ် ရောင်းအားအမြင့်ဆုံး Artist 5 ဦးပဲရှိပါ တယ်တဲ့… ဘယ်သူတွေလဲဆိုတာ
မကြာသေးခင်က Gaon Chart ဟာ အခုနှစ်ဝက်အတွင်း “Powerhouse Sellers” Artist တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ပြီးခဲ့ဲတဲ့နှစ် ဖေဖော်ဝါရီလကတည်းက ကိုရီးယားနိုင်ငံမှာ COVID19 pandemic တွေကြောင့် K-pop Artist တွေဟာ ပရိသတ်တွေနဲ့ ထိတွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ K-pop ရဲ့ ရေစီးကြောင်းဟာ ထိန်းသိမ်းလို့မရဘဲ Online Concert တွေနဲ့ Album Sale တွေ ထောင်တတ်ခဲ့ပါတယ်။
Gaon Chart ဟာ အခုနှစ်ဝက်မှာ Million Seller တွေဖြစ်ခဲ့တဲ့ အနုပညာရှင် 5 ဦးကို “Powerhouse Sellers” တွေလို့ တင်စားခဲ့ပြီး သူတို့ရဲ့ Album ရောင်းအားတွေကို ဖော်ပြခဲ့ပါတယ်။ အခုနှစ်ဝက်မှာ Album ရောင်းအားအမြင့်ဆုံးနဲ့ ပိုပြီး ပေါ်ပြူလာဖြစ်လာတဲ့အဖွဲ့ကတော့ NCT Dream ဖြစ်ပါတယ်။
NCT Dream ရဲ့ ပထမဆုံး Full Album ‘Hot Sauce,’ ဟာ စံချိန်တင် 2,049,042 copies ရောင်းချ နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် သူတို့နောက်ဆုံးထွက်ထားတဲ့ Album ထက် 3 ဆမြင့်တက်ရောင်းချနိုင်ခဲ့တာပါ။ ဒုတိယနေရာမှာ SEVENTEEN အဖွဲ့က သူတို့ရဲ့ 8 ခုမြောက် Mini Album ‘Your Choice.’ နဲ့ 1,391,964 copies ရောင်းချနိုင်ခဲ့တာပါ။
တတိယနေရာနဲ့ စတုတ္ထနေရာမှာတော့ EXO နဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun တို့က ရပ်တည်ခဲ့ပါ တယ်။ EXO အဖွဲ့ဟာ ‘Don’t Fight the Feeling’ နဲ့ 1,216,175 copies ရောင်းချနိုင်ခဲ့သလို Baekhyun ကတော့ ‘Bambi’ Solo Album နဲ့ 1,007,625 copies ရောင်းချနိုင်ခဲ့တာပါ။ အထူးသဖြင့် အခုနှစ်မှာ Group နဲ့ရော Solo အနေနဲ့ပါ တစ်ဦးတည်းသော Million Seller Artist အဖြစ် စံချိန်တင်ထားတာ Baekhyun ဖြစ်ပါတယ်။ Baekhyun ဟာ EXO အဖွဲ့အနေနဲ့ရော Solo အနေနဲ့ပါ Million Seller ဖြစ်ခဲ့သူဖြစ်ပြီး ဂန္ထဝင်အဆိုတော် Seo Taiji ရဲ့နောက်ပိုင်း သူတစ်ယောက်သာ ဒီမိုင် တိုင်ကို ပြုလုပ်နိုင်တာဖြစ်ပါတယ်။
BTS အဖွဲ့ကတော့ နောက်ဆုံးထွက် Album BE နဲ့ နံပါတ် 5 မှာရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ဟာ 970,197 copies ရောင်းချနိုင်ခဲ့ပြီး Million Seller မဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ဆက်တိုက်ပေါ်ပြူလာဖြစ်မှု ကတော့ ဒီစာရင်းမှာ မပါမဝင်ဖြစ်ပါတယ်။ ဒါတောင် မကြာသေးခင်က အသစ်ထွက်ထားတဲ့ Single ‘Butter,’ ဟာ ဇွန်လ 9 ရက်နေ့မှာ ထွက်တာကြောင့် Gaon Chart ရဲ့ နှစ်ဝက် Album Sale တွက် ချက်မှုမှာ မပါဝင်တာဖြစ်ပါတယ်။ အဆိုပါ Butter ဟာ Gaon Chart’s weekly retail album chart သမိုင်းမှာ 2 ရက်တည်းနဲ့ 2,159,380 copies ရောင်းချနိုင်ပြီး စံချိန်တင်ထားတာဖြစ်ပါတယ်။
-m2t
Ref: Allkpop