K pop

■ BTS ရဲ့ ‘Butter’ CD single ပထမပတ် ရောင်းအားက ဘယ်လောက်လို့ထင်လဲ

— ARMY ယောရောဘွန်း… BTS ရဲ့ ‘Butter’ CD single ပထမပတ် ရောင်းအားက ဘယ်လောက်လို့ထင်လဲ

ဇူလိုင်လ 16 ရက်နေ့က Hanteo Chart ဟာ BTS ရဲ့ စပယ်ရှယ် CD Single ဖြစ်တဲ့ ‘Butter’ ရဲ့ ပထမအပါတ် ရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။

Hanteo ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ 9 ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့ ‘Butter’ CD single ဟာ ပထမ တစ်ပါတ်အတွင်း Copies 1.975 သန်းရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

BTS ရဲ့ ‘Butter’ CD single ထဲမှာ သီချင်း 4 ပုဒ်ပါဝင်ပြီး ‘Billboard Hot 100’ မှာ သမိုင်းဝင် 7 ပါတ် ဆက်တိုက် #1 ရပ်တည်ခဲ့တဲ့ Butter ၊ မကြာသေးခင်က ထွက်ထားတဲ့ Ed Sheeran နဲ့ Collaboration သီချင်း “Permission to Dance” ၊ နောက်ပြီး အဲဒီ သီချင်းနှစ်ပုဒ်လုံးရဲ့ Instrumental Versions 2 ပုဒ် ပါဝင်တာဖြစ်ပါတယ်။

အဆိုပါ BTS ရဲ့ ‘Butter’ CD single ဟာ Hanteo Chart ရဲ့ ပထမအပါတ်ရောင်းအားသမိုင်းမှာ 4 ခုမြောက် ရောင်းအားအမြင့်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ Hanteo Chart ရဲ့ ပထမအပါတ်ရောင်းအားသမိုင်းမှာ ရောင်းအားအမြင့်ဆုံး Album 1 ၊ 2 ၊ 3 စံချိန်ကိုလည်း BTS က သာ ‘Map of the Soul: 7’ ၊ ‘BE (Deluxe Edition)’ ၊ ‘Map of the Soul: Persona’ တွေနဲ့ ပိုင်ဆိုင် ထားတာဖြစ်ပြီး အခုအခါ နံပါတ် 4 ကိုပါ BTS က ‘Butter’ CD single နဲ့ သိမ်းပိုက်လိုက်တာဖြစ်ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page