K pop

■ Big 4 အေဂျင်စီတွေရဲ့ နှစ်ဝက် Album Sale များ

—- 2021 ခုနှစ် နှစ်ဝက်အတွင်း Big 4 အေဂျင်စီတွေရဲ့ Album ရောင်းအားတွေကို Gaon Chart က ဖော်ပြခဲ့ပြီး ဘယ်အေဂျင်စီက Album ရောင်းအားအကောင်းဆုံးလဲဆိုတာကို…

Gaon Chart ဟာ 2021 ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ အထိ နှစ်ဝက်အတွင်း Big 4 အေဂျင်စီတွေရဲ့ Album ရောင်းအားတွေကို ဖော်ပြခဲ့ရာ SM Entertainment က Album ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။

SM Entertainment ရဲ့ နှစ်ဝက် စုစုပေါင်း Album ရောင်းအားဟာ 9,238,118 Copies ရှိပြီး Album ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့တာပါ။ ဒုတိယနေရာမှာတော့ HYBE အေဂျင်စီက Album ရောင်းအား 5,862,156 Copies နဲ့ ရပ်တည်နေပါတယ်။ JYP Entertainment က 1,546,355 Copies ရောင်းချ နိုင်ခဲ့သလို YG Entertainment က 1,384,044 Copies ရောင်းချနိုင်ခဲ့ပါတယ်။

HYBE Label ရဲ့ Album ရောင်းအားလုံးဟာ သူတို့ရဲ့ပါတနာ Entertainment တွေဖြစ်တဲ့ Big Hit Entertainment (3,383,310 copies) ၊ Pledis Entertainment (1,745,945 copies) ၊ BELIFT Lab (730,663 copies) ၊ Source Music (2,238 copies) ရောင်းအားတွေကို ပါတွက်ချက်ထား တာဖြစ်ပါတယ်။

နှစ်ဝက်အတွင်း Album ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့တဲ့ SM Entertainment အေဂျင်စီရဲ့ Album ရောင်းအားအမြင့်ဆုံး Artist ကတော့ NCE Dream ဖြစ်ပါတယ်။ NCT Dream ဟာ Album 3,390,828 Copies ရောင်းချနိုင်ခဲ့တာပါ။

HYBE ရဲ့ ရောင်းအားအမြင့်ဆုံး Artist ကတော့ BTS ဖြစ်သလို 2,403,862 Copies ရောင်းချနိုင်ခဲ့ပါ တယ်။ JYP မှာတော့ TWICE (630,942 Copies) ၊ YG မှာတော့ BLACKPINK (877,659 copies) တို့က Album ရောင်းအားအမြင့်ဆုံး Artist တွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page