Celebrity

■ Heechul နဲ့ MoMo တို့ရဲ့ လမ်းခွဲမှုနဲ့ပတ်သက်ပြီး ‘Knowing Bros’ မှာ စနောက်မှုကို K Netizen တွေ အပြစ်တင်

—- K Netizen တွေဟာ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းကို ရုပ်သံအစီအစဉ်မှာ စနောက်စကားပြောဆိုမှုကို ဒေါသထွက်နေပြီး အပြစ်တင်ဝေဖန်နေကြတာပါ…

ဇူလိုင်လ 17 ရက်နေ့က JTBC variety show ‘Knowing Bros’ အပိုင်းအသစ်ပြသခဲ့ပြီး အဲဒီမှာ Heechul ဟာ မကြာသေးခင်က TWICE အဖွဲ့ဝင် MoMo နဲ့လမ်းခွဲမှုနဲ့ပတ်သက်ပြီး Host တွေ အပါအဝင် အားလုံးရဲ့ အာရုံစိုက်မှုကို ရခဲ့တာဖြစ်ပါတယ်။

အစီအစဉ်အတွင်းမှာလည်း Heechul ကို လမ်းခွဲမှုနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုကာ စနောက်ခဲ့ ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ အစီအစဉ်မှာ Host တွေက Heechul ရဲ့ ဆံပင်စတိုင်ပြောင်းလဲမှု နဲ့ပတ်သက်ပြီး Meniton ပေးခဲ့ကြတာပါ။

 

Kang Ho Dong က “ Heechul … မင်း ဘာကြောင့် ဆံပင်ညှပ်လိုက်တာလဲ” လို့ မေးခဲ့သလို နောက် MC တစ်ဦးဖြစ်တဲ့ Lee Soo Geun ကလည်း “ မင်း ပုံစံက ဘာကြောင့် ဖြူရော်ရော်နဲ့ မှိန်နေရတာလဲ။ ဆံပင်ပုံစံပြောင်းတယ်ဆိုတာ နှလုံးသားပြောင်းသွားတာကို ဆိုလိုတာပဲ။ မင်း အားမပျော့နေနဲ့။ ဆုံ တွေမှုထက် ခွဲခွာမှုတွေက ပိုများပါတယ်” လို့ ရယ်မောပြီး စနောက်ခဲ့ကြပါတယ်။ ထပ်ပြီးတော့ Lee Sang Min ကလည်း “ ကမ္ဘာမှာ အချစ်မရှိဘူး” လို့လည်း ပြောခဲ့ပါတယ်။

အဆိုပါ JTBC variety show ‘Knowing Bros’ အပိုင်းအသစ်ထဲက စကားပြောဆိုမှုကို K Netizen တွေက “ ပြီးသွားတဲ့ ဇာတ်လမ်းကို ပြန်ပြောတာ ယဉ်ကျေးမှုမရှိဘူး။ ဒီလိုတွေပြောတာ ရပ်တန့်သင့် ပြီ။ ဘာကြောင့် ဒီလိုမျိုးတွေ ပြောနေကြတာလဲ။ နိုင်ငံကျော် Show ကြီးဖြစ်ပြီးတော့ အဓိပ္ပါယ်မရှိတာ တွေမလုပ်သင့်ဘူး” စတဲ့ မှတ်ချက်တွေအပါအဝင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page