News

■ ရည်စားဟောင်းအကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့ဖူးကြတဲ့ K-pop Idol များ

– – -ဒီ Idol တွေ သူတို့ရည်စားနဲ့ လမ်းခွဲသွားပုံက ရင်နာစရာ၊ ဝမ်းနည်းစရာကောင်းလွန်းပြီး အထူးသဖြင့် အမျိုးသမီး Idol တွေက…

RM (BTS)

Problematic Men ရဲ့ အပိုင်းတစ်ပိုင်းမှာ BTS အဖွဲ့ဝင် RM က ရည်းစားဟောင်းအကြောင်းကို ဖွင့်ဟသွားခဲ့တာပါ။ သူဟာ အထက်တန်ကျေုာင်းသားဘဝတုန်းက ရည်းစားထားခဲ့ဖူးပြီး သူ့ကောင်မလေးဟာ ယောက်ျားလေး သူငယ်ချင်းများစွာ ထားခဲ့ကြောင်း၊ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူလို့ နောက်ဆုံးမှာ လမ်းခွဲခဲ့ကြောင်း RM က ဖွင့်ဟခဲ့ပါတယ်။

Jeon Somi

Somi ကလည်း သူမအနေနဲ့ အတိတ်မှာတုန်းက ရည်းစားထားခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပြီး သူဟာ တစ်ပတ်သာ တွဲခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်မ ရည်းစားထားခဲ့ဖူးပါတယ်။ ကျွန်မတို့တွဲပြီး တစ်ပတ်အကြာမှာပဲ သူက ထားသွားခဲ့တယ်။ ကျွန်မက သူမျှော်လင့်သလို မဖြစ်လို့တဲ့”ဆိုပြီး Somi က ထုတ်ဖော်ခဲ့ပါတယ်။

Ailee

Ailee ရဲ့အဖြစ်ကလည်း ရင်နာစရာပါပဲ။ Dinner Mate ဇာတ်လမ်းတွဲထဲက Seo Ji Hye ရဲ့ ပုံစံမျိုးပါ။ သူ့ကောင်လေးရဲ့ မွေးနေ့ပွဲကို surprise သွားလုပ်ရာမှာ တခြားမိန်းကလေးနဲ့ တွဲနေတာကို မြင်တွေ့ခဲ့ရတာပါ။ အဲဒီနောက် သူမဟာ လမ်းခွဲခဲ့ပါတော့တယ်။

Suga (BTS)

BTS အဖွဲ့ဝင် Suga ကလည်း အလယ်တန်းကျောင်းတုန်းက ရည်စားထားခဲ့ဖူးပါတယ်။ အဲဒီတုန်းက Suga က သူ့အနေနဲ့ အရှက်အကြောက်ကြီးခဲ့ပြီး ကောင်မလေးနဲ့ ပြဿနာတွေ စတင်ခဲ့ကြောင်း၊ နောက်ဆုံးမှာ လမ်းခွဲခဲ့အထိ ဖြစ်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page