News

■ နာမည်ရင်းကို ပြောင်းလဲပြီး ပွဲထွက်ခဲ့ကြတဲ့ K-pop Idol များ

– – -ဒီ Idol တွေဟာ သူတို့ရဲ့ နာမည်ရင်းကို ပြောင်းလဲခဲ့ကြတာကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။

TWICE’s Jihyo

Jihyo ရဲ့ နာမည်အရင်းက Jisoo ပါ။ ဒါပေမဲ့ သူမဟာ Jihyo လို့ ပြောင်းလဲခဲ့ပြီး သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဒီနာမည်နဲ့ပဲ လျှောက်လှမ်းခဲ့ပါတယ်။

BLACKPINK’s Lisa

BLACKPINK အဖွဲ့ဝင် Lisa ရဲ့ မွေးနာမည်အရင်းက Pranpriya Manoban ပါ။ ဒါပေမဲ့ Lisa ဟာ Lalisa Manoban လို့ ပြောင်းလဲခဲ့ပြီး Stage Name ကိုတော့ Lisa လို့ မှည့်တွင်စေခဲ့ပါတယ်။

Kang Daniel

Kang Daniel ရဲ့ မွေးနာမည်အရင်းက Kang Eui Geon ပါ။ ဒါပေမဲ့ အဲဒီနာမည်ကို လူတွေ ခေါ်ရခက်နေလို့ Daniel လို့ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

NCT 127’s Jaehyun

NCT127 အဖွဲ့ဝင် Jaehyun ကလည်း မွေးနာမည်ကို ပြောင်းလဲခဲ့သူပါ။ သူရဲ့ မူလနာမည်က Jung Yoon Oh ပဲ ဖြစ်ပါတယ်။

Apink’s Eunji

Apink အဖွဲ့ဝင် Eunji ရဲ့ မွေးနာမည်ကတော့ Jung Hyerim ပါ။ ဒါပေမဲ့ သူမဟာ ဗေဒင်ရဲ့အဆိုအရ Jung Eunji လို့ ပြောင်းလဲခဲ့ပြီး ဒီနာမည်နဲ့ပဲ ပွဲထွက်ခဲ့တာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page