Articles

■ Jimin နဲ့ Jungkook ကြားက သမိုင်းဝင်ဖြစ်ရပ်လေးတစ်ခု

– – -ဒီအခိုက်အတန့်လေးက ချစ်စရာကောင်းသလို ARMY တွေကြားမှာ အလွန်ကျော်ခဲ့ရတဲ့…….

BTS အဖွဲ့ဝင် RM ကို ငြင်းတဲ့နေရာမှာ ဆရာတစ်ဆူအဖြစ် အားလုံးသိထားကြပါတယ်။ ဒါပေမဲ့ BTS အဖွဲ့ထဲမှာ ငြင်းတာနဲ့ ပတ်သက်ပြီး ဆရာကျတာ RM တစ်ယောက်တည်း မဟုတ်ပါဘူး။

Jimin နဲ့ Jungkook တို့နှစ်ယောက်ကြားမှာလည်း ရာဇဝင်တွေရှိပါတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အကြိမ်ပေါင်းများစွာ စစနောက်နောက် ရှိကြခဲ့တာပါ။ Jungkook က သူ့ဆံပင်ကို အသုံးပြုပြီး အသည်းပုံစံလုပ်ပြတာကို Jimin က မသိချင်ယောင်ဆောင်သွားတာမျိုး၊ Jimin ဖက်ဖို့ လက်လှမ်းပေးတာကို Jungkook က မျက်နှာပြောင်ပြီး လက်ခံတာမျိုးတို့ပါ။

အဲဒီလို တစ်ယောက်နဲ့တစ်ယောက် ငြင်းပြီး စနေုာက်တဲ့ ဖြစ်ရပ်တွေက ARMY တွေအတွက်တော့ သဘောကျကြည်နူးစရာလို့ ဆိုရမှာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်ကြားမှာ ငြင်းတာနဲ့ ပတ်သက်ပြီး လူပြောအများဆုံး ဖြစ်ရပ်တစ်ခုက ရှိနေပါတယ်။

ဒါကတော့ ဆိုးလ်မှာ ကျင်းပခဲ့တဲ့ Lotte Hotel ဟိုတယ် Fan Meeting တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ Jungkook က High Five လုပ်လို့ လက်မြှောက်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့အနေနဲ့ Jimin ဆီကနေ အငြင်းခံလိုက်ရပါတယ်။

အဲဒီအခါ ရုတ်တရတ် Jungkook ဖြစ်သွားပုံလေးက ARMY တွေကြားမှာ မှတ်မှတ်ရရ စွဲကျန်နေရစ်ခဲ့တာပါ။ “don’t touch me, I’m famous” ဆိုတဲ့ Meme ပေါ်ပေါက်လာခဲ့တဲ့ နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။

လက်ရှိအချိန်အထိလည်း ARMY တွေကလည်း အခါအားလျော်စွာ အဲဒီအကြောင်းကို ပြန်ပြောင်းပြောနေတုန်းပါပဲ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page