K pop

■ မိန်းကလေးတစ်ဦးကို ရိုက်နှက်တတ်တဲ့ BF ဆီကနေ ကယ်တင်ခဲ့ဖူးတဲ့ G-Dragon ရဲ့ ပုံပြင်

—- G-Dragon ရဲ့ နှလုံးလှပြီး ယဉ်ကျေးမှုရှိတဲ့ ဒီပုံပြင်ဟာ အခုတလော K ဆိုရှယ်မီဒီယာတွေ အထက်မှာ ရေပန်းစားနေ…

မိန်းကလေးတစ်ဦးကို ရိုက်နှက်တတ်တဲ့ BF ဆီကနေ ကယ်တင်ခဲ့ဖူးတဲ့ G-Dragon ရဲ့ ပုံပြင်ဟာ K ဆိုရှယ်မီဒီယာအထက်မှာ ရေပန်းစားနေပါတယ်။

အဆိုပါ G-Dragon ရဲ့ ပုံပြင်ကို ကယ်တင်ခံခဲ့ရတဲ့ Sasaeng Fan ဖြစ်ခဲ့ဖူးသူ မိန်းကလေးက လူမှု ကွန်ရက်မှာ ပို့စ်တင်တာကနေ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ သူမဟာ အရင်က Sasaeng Fan ဖြစ်ခဲ့ပြီး Cele တွေကို Stalking လိုက်တာလို့ အစချီပြီး ပြောခဲ့တာပါ။

“ ကျွန်မဟာ Sasaeng Fan ဖြစ်တာကြောင့် Cele တွေနောက် လိုက်တဲ့အခါမှာ Cele တစ်ဦးအရှေ့မှာ Boyfriend ရဲ့ ရိုက်နှက်မှုကို ခံရတာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မဟာ မရင့်ကျက်တာကြောင့် Cele တွေကို မနက်မိုးလင်ကနေ မိုးချုပ်တဲ့အထိ တောက်လျှောက် Stalking လုပ်ခဲ့တာပါ။

တော်တော်လေးကို ဆိုးရွားခဲ့တဲ့ အပြုအမူဖြစ်ပါတယ်။ BF ရဲ့ မက်ဆေ့ချ်တွေကိုပါ လစ်လျူရှုတဲ့အထိ ဖြစ်ပါတယ်။ တစ်နေ့ကျွန်မ မနက် 3 နာရီ၊ 4 နာရီဝန်းကျင်လောက်ရှိမယ်။ Cele တွေကို လိုက်ဖို့ တစ် ညလုံးစောင့်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ BF ဟာ ကျွန်မနောက်ကိုလိုက်ပြီး ဆွဲခေါ်ဖို့ ကြိုးစား ပါတယ်။

ကျွန်မကလည်း သူ့စကားကို နားမထောင်တာကြောင့် ကျွန်မကို ရိုက်နှက်ခဲ့ပါတယ်။ သူဟာ အဲလို ရိုက်နှက်တတ်တဲ့ မကောင်းတဲ့အကျင့်ရှိသူပါ။ အဲဒီအချိန်မှာ Cele တစ်ဦးဟာ သူရဲ့ Dorm ကို သွား နေတာဖြစ်ပြီး ကျွန်မတို့အဖြစ်အပျက်ကို မြင်ပြီး မသိသလို ဖြတ်သွားလို့ရပါတယ်။ သူကလည်း ကျွန်မ Sasaeng Fan ဆိုတာ သိမှာဖြစ်ပြီး သူ့အတွက် မကောင်းတာဖြစ်လို့ မသိကျေးကျွန်ပြုသွားလို့ရပါ တယ်။ ဒါပေမဲ့ ကျွန်မရှေ့မှာ ရပ်တည်ပြီး GD အိုပါးက အခုလိုပြောခဲ့ပါတယ်။

GD : မင်း (BF) စကားနဲ့ပဲ ပြောသင့်တယ်။

Boyfriend : အာ…ဒါမဟုတ်သေးဘူးလေ။ အခု ငါလုပ်နေတာဟာ သူ့ကို အဝေးခေါ်သွားမလို့။ ကျေး ဇူးပြုပြီး ဖယ်ပေးပါ။ သူမကို ငါ ခေါ်သွားမယ်။

GD: မင်း သူ့ကို ရိုက်မယ့်အစား စကားနဲ့ပြောသင့်တယ်။

Boyfriend : သူမကို မရိုက်ဘူး။ ငါဘာလို့ ငါ့ချစ်သူကို ရိုက်ရမှာလဲ။

GD : မင်း သူမကို ရိုက်နေတာပါ။

နောက်တော့ GD က ခံရသူ မိန်းကလေး Sasaeng ဘက်လှည့်ပြီး…

GD : မင်း ရိုက်ခံရတယ်ဟုတ်…

မိန်းကလေး Fan : စောရီး…

GD : တက်စီ စီးပြီး အိမ်ပြန်တော့ပါ။ ညနက်တဲ့အထိ အပြင်မထွက်ပါနဲ့..

အဲဒီမှာ ကျွန်မဟာ တက်စီ စီးပြီး အိမ်ပြန်ခဲ့ပြီး ကားပြတင်းပေါက်ကနေ ပြန်လှည့်ကြည့်တဲ့အခါ GD အိုပါးဟာ ကျွန်မ Boyfriend ကို တစ်ချက်တောင်မကြည့်ဘဲ ကျွန်မကို ပို့ပြီးတာနဲ့ သူ့ရဲ့ Dorm ဆီ တည့်တည့်မတ်မတ် လျှောက်သွားပါတယ်။ ကျွန်မ အဲဒီနောက်ပိုင်းကတည်းက Sasaeng လုပ်တာကို ရပ်တန့်လိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်း ကျွန်မ စိတ်လှုပ်ရှားခဲ့ရပါတယ်။ တကယ့် ကို အိမ်မက်တစ်ခုလို ခံစားနေရတုန်းပါပဲ” ဆိုပြီး ပို့စ်ရေးထားတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page