—- လက်ရှိအချိန် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Gym ရုံတွေမှာ BTS ၊ BLACKPINK ၊ EXO တို့ ရဲ့ သီချင်းတွေကို ဘာကြောင့် ဘန်းထားလဲဆိုတာကို…
BTS ၊ BLACKPINK နဲ့ EXO တို့ရဲ့ သီချင်းအချို့ကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Gym ရုံတွေမှာ မဖွင့်ဖို့ တားဖြစ်ထားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ Gym ရုံတွေဟာ စိတ်လှုပ်ရှားပြီး ပြင်းထန်တဲ့ သီချင်းတွေ၊ Music တွေနဲ့ Gym ဆော့ကြတာဖြစ်ပါတယ်။
လက်ရှိအချိန် တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရမြို့ဖြစ်တဲ့ ဆိုးလ်မြို့မှာ COVID 19 ရောဂါပိုးတွေ ဆက်တိုက်တိုးပွားနေပြီး တစ်ရက်ကို 1500 ခန့် တက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားခြင်းတွေ Social Distancing တွေ အပြင်းအထန်ကန့်သတ်ထားပါတယ်။ အနုပညာလောကထဲမှာတော့ သရုပ် ဆောင်တွေ၊ Idol တွေတောင် COVID 19 စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြသလို Positive ဖြစ်တဲ့သူတွေ လည်း အများကြီးဖြစ်ပါတယ်။
ဒါကြောင့် ဆိုးလ်မြို့တော် ကျန်းမာရေးဌာနဟာ Gym တွေမှာ Rhythm အရမ်းမြန်တဲ့ သီချင်းတွေ မဖွင့်ဖို့နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပြီး တားမြစ်ထားတာဖြစ်ပါတယ်။ BTS ၊ BLACKPINK ၊ EXO ၊ SEVENTEEN တို့ရဲ့ သီချင်းအချို့ဟာ အတက်အကျအရမ်းအမြန်တာကြောင့် ဘန်းထားတာဖြစ်ပါတယ်။ အထူးသဖြင့် BTS “Permission to Dance,” BLACKPINK “How You Like That,” EXO “Obsession,” PSY “Gangnam Style,” ENHYPEN “Drunk-Dazed,” Weeekly “After School,” ဒီသီချင်းတွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။
-m2t
Ref: KpopstarZ