K pop

■ SM ဖျော်ဖြေရေးဒါရိုက်တာရွေးချယ်တဲ့ အေဂျင်စီရဲ့ ထိပ်တန်း Dancer (၃)ဦး

SM Entertainment ဟာ YouTube choreography channel ARTBEAT ရဲ့ ဒါရိုက်တာ ဟောင်းတစ်ဦးဖြစ်တဲ့ Kim Jun Seok က အေဂျင်စီရဲ့ Performance ဒါရိုက်တာအသစ်အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

Kim Jun Seok ဟာ Instagram မှာ Q&A ကဏ္ဍလေးပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ဦးက သူ့ကို အေဂျင်စီမှာ Dancing နဲ့ပတ်သက်ပြီး အကောင်းဆုံး Artist တွေက ဘယ် သူတွေလဲလို့ မေးခဲ့တာပါ။ Kim Jun Seok က SM မှာ အလွန်တော်တဲ့ Dancer တွေအများကြီးရှိပေ မယ့် ဒီ Idol (၃)ဦးကတော့ ရူးလောက်စရာအရည်အချင်းတွေရှိတဲ့သူတွေလို့ ရွေးချယ်ခဲ့ပါတယ်။

1) Kai (EXO)

Kim Jun Seok ရဲ့ ပထမဆုံး ရွေးချယ်တဲ့ သူကတော့ EXO အဖွဲ့ဝင် Kai ပဲဖြစ်ပါတယ်။ Kai ဟာ ငယ်စဉ်ကတည်းက အကကို ဝါသနာပါခဲ့သူဖြစ်ပြီး အသက် (၈)နှစ်အရွယ်မှာ Jazz Dance မှာ စတင် Training ဆင်းခဲ့ပါတယ်။ နောက်တော့ (၃)တန်းမှာ Ballet အကကို ပြောင်းခဲ့ပြန်ပါတယ်။ ငယ်စဉ်က တည်းက အကနဲ့ပဲအချိန်ကုန်ပြီး ဒီနေ့လိုအောင်မြင်ကျော်ကြားတဲ့ Idol အဖြစ်လျှောက်လှမ်းလာတဲ့ လမ်းမှာ Kai ရဲ့ အကအရည်အချင်းတွေကို အားလုံးက အသိအမှတ်ပြုခဲ့ကြသလို Kim Jun Seok ကို ဆွဲဆောင်စေတာ အံ့အားသင့်စရာတော့မရှိပါဘူး။

2) Taemin (SHINee)

Kim Jun Seok ရွေးချယ်တဲ့နောက်တစ်ယောက်ကတော့ SHINee ရဲ့ Maknae နဲ့ Main Dancer ဖြစ်တဲ့ Taemin ပဲဖြစ်ပါတယ်။ Taemin ဟာ Kai လိုပဲ Dancer ဖြစ်ဖို့ မွေးဖွားလာတဲ့သူလို့ သတ်မှတ် ရမှာပါ။ Taemin ဟာ သူ့ရဲ့အသွေးအသားထဲမှာ စီးဆင်းနေတဲ့ Dancer ပိုးကိုတော့ ခြောက်တန်း လောက်မှာ Michael Jackson ရဲ့ ဖျော်ဖြေမှုကိုတွေ့ပြီး ရှာဖွေတွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။ SM မှာ Audition အောင်ပြီး အသက်(၁၄)နှစ်အရွယ်နဲ့ Idol အဖြစ် Debut လုပ်နိုင်ခဲ့တဲ့သူပါ။ လက်ရှိအချိန် အထိ K-pop လောကမှာ (၁၃)နှစ်အတွေ့အကြုံရှိတဲ့ Idol တစ်ဦးအဖြစ် ရပ်တည်နေပြီး K-pop လောကရဲ့ အကောင်းဆုံး Dancer တွေလို့ပြောရင် Taemin က အမြဲတမ်းပါပြီးသားဖြစ်ပါတယ်။

3) Taeyong (NCT 127)

Kim Jun Seok ရွေးတဲ့နောက်ဆုံးတစ်ယောက်ကတော့ NCT 127 ရဲ့ Main dancer ၊ Main Rapper နဲ့ Center ဖြစ်သူ Taeyong ပါပဲ။ လက်ရှိ Taeyong ရဲ့ အမိုက်စား၊ အလန်းစား Dance တွေကို မြင်ရင် အရင်က Taeyong ကို SM Entertainment Dance Teacher က “ မျှော်လင့်ချက်မရှိဘူး” လို့ မှတ်ချက်ပြုခဲ့တာကို ယုံနိုင်စရာမရှိပါဘူး။ Taeyong SM ကို စရောက်တုန်းက သူ့ရဲ့ အကဆရာဟာ Taeyong ရဲ့ အကအခြေအနေကိုကြည့်ပြီး Idol မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုခဲ့ဖူးတာပါ။ ဒါပေမဲ့ Taeyoung ဟာ စင်ပေါ်မှာ Star တစ်ဦးဖြစ်ဖို့ မီးကုန်ယမ်းကုန်ကြိုးစားခဲ့ပြီး ဒီနေ့လို အောင်မြင်တဲ့ Idol တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page