Cele

■ Du Meizhu ရဲ့ စွပ်စွဲမှုထွက်ပေါ်လာပြီးနောက် Kris Wu နဲ့ KANS လမ်းခွဲ

— – – အသက်မပြည့်သေးတဲ့ မိန်းကလေးအပါအဝင် … ဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ Skincare brand က …

အသက် (၁၉)နှစ်အရွယ် Du Meizhu ဆိုတဲ့ ကောင်မလေးက EXO အဖွဲ့ဝင်ဟောင်း Kris Wu ဟာ သူအပါအဝင် မိန်းကလေး (၃၀)ထံက ကာမလိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Du Meizhu က Kris Wu ဟာ သူအပါအဝင် မိန်းကလေး (၃၀)ဦးထက်မနည်းဆီက ကာမလိမ်လည်ရယူခဲ့ပြီး အဲဒီ အသက်မပြည့်သေးဘဲ ကောင်မလေးတွေတောင် ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာလည်း Du Meizhu က Kris Wu အနေနဲ့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုလည်း Twitter တင်ခဲ့ပြီး လက်ရှိမှာ တခြားခံရတဲ့ မိန်းကလေးတွေဆီက သက်သေအထောက်အထားတွေစုဆောင်းနေကာ ရဲတပ်ဖွဲ့လက်ထဲ အပ်မယ်လို့လည်း ဆိုခဲ့ပါတယ်။

အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက် Kris Wu နဲ့ လက်တွဲနေတဲ့ နာမည်ကျော် skincare brand တစ်ခုဖြစ်တဲ့ KANS ကတော့ Kris Wu နဲ့ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး နောက်ထပ်လုံးဝလက်တွဲတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ပရိသတ်တွေကလည်း အဲဒီအကြောင်းနဲ့ပတ်သက်ပြီး Kris Wu ရဲ့ အပြုအမူတွေကို ဝေဖန်နေကြပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ သန်းချီတန်ဖိုးရှိတဲ့ စပွန်ဆာတွေကို ထပ်ပြီးဆုံးရှုံးရဖို့ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Ref: AKP

You cannot copy content of this page