K pop

■ Weverse Platform ကို BLACKPINK ဘယ်တော့ Join မလဲ

— – – BLINK အနေနဲ့ BLACKPINK နဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့ကတော့ …

BLACKPINK အဖွဲ့ဟာ YG Entertainment ရဲ့ တတိယမြောက်အဖွဲ့အဖြစ် Weverse fandom platform ကို သြဂုတ် (၂)ရက်မှာ စတင်အသုံးပြုမယ်လို့ သိရပါတယ်။

YG Entertainment ရဲ့ ထုတ်ပြန်ချက်အရ BLACKPINK အဖွဲ့ဟာ သြဂုတ်လ (၂)ရက်မှာ Weverse အကောင့် စ Run မှာဖြစ်ပြီး ကမ္ဘာ့အနှံက ပရိသတ်တွေနဲ့ အဲဒီ Platform တစ်ဆင့် ချိတ်ဆက်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ TREASURE နဲ့ iKON တို့ ပြီးရင် Weverse ကို Join တဲ့ တတိယမြောက် YG အဖွဲ့ ဖြစ်လာမှာဖြစ်ပြီး YG၊ HYBE နဲ့ Weverse Company တို့နဲ့ နည်းဗျူဟာ ပူးပေါင်းမှုအရ ဒီ Platform ကို အသုံးပြုတာလည်း ဖြစ်ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ Weverse ကို Join တာဟာ သူတို့ရဲ့ အဖွဲ့ (၅)နှစ်မြောက် အထိမ်းအမှတ်တွေထဲက တစ်ခုဖြစ်ပြီး ဘာတွေ ဆက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Source: Star News

You cannot copy content of this page