— – – Kim Tae Hyung နဲ့ V တို့အကြား ကွာခြားသလဲ။ ဒါကို V ကိုယ်တိုင် ပြောပြထားတာက …
BTS အဖွဲ့ဝင် V ရဲ့ အမည်ရင်းက Kim Tae Hyung ဆိုတာကို ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ In Break The Silence: The Movie မှာတော့ V က Kim Tae Hyung နဲ့ V တို့အကြား ကွာခြားချက်တွေကို အခုလို ပြောပြခဲ့တာပါ။
“V က Kim Tae Hyung ရဲ့ အစိတ်အပိုင်းတစ်ဝက်နဲ့ V ရဲ့အစိတ်အပိုင်းတစ်ဝက်ကို ပြသနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ Kim Tae Hyung ကတော့ သီးသန့်ဖြစ်ပြီး V မပြပါဘူး”လို့ V က ဆိုပါတယ်။
ဆက်ပြီးတော့ V က Kim Tae Hyung ဆိုတဲ့ ကောင်လေးက စပ်စုစိတ်ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
“Kim Tae Hyung ကတော့ Kim Tae Hyung ပါပဲ။ Kim Tae Hyung က သိချင်စိတ်တွေ၊ စပ်စုလိုစိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ကောင်လေးဖြစ်ပြီး အရာများစွာကို သူ သိချင်တယ်။ တတ်ချင်တယ်။ သင်ယူချင်တယ်”လို့ V က ဆိုပါတယ်။
တစ်ဖက်ကတော့ V က သူ့ရဲ့ရည်မှန်းချက်တွေကို ရယူဖို့အတွက် အကောင်းဆုံးကြိုးစားလေ့ရှိတယ်လို့ ဆိုပါတယ်။ “V ကတော့ လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူက အရာအားလုံးကို ပြသနိုင်တဲ့ လူတစ်ယောက်ပေါ့။ ကျွန်တော် စတိတ်ပေါ်မှာ ဖျော်ဖြေတဲ့အခါ V အနေနဲ့ အရာအားလုံးကို ပြသနိုင်အောင် ကြိုးစားလေ့ရှိတယ်”လို့ ဆိုခဲ့ပါတယ်။
Ref: Koreaboo