K pop

■ EXO-Ls တွေအတွက် Instagram Story မှာ Suho တင်ခဲ့တဲ့ မက်ဆေ့ချ်

— – – စစ်မှုထမ်းနေတဲ့ Suho ရဲ့ မက်ဆေ့ချ်တွေက EXO-Ls တွေကို …

EXO အဖွဲ့ခေါင်းဆောင် Suho ဟာ ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယားနိုင်ငံသားတစ်ဦးတာဝန်ဖြစ်တဲ့ စစ်မှုထမ်းဆောင်မှုကို စတင်ခဲ့ပြီး public service worker အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

Suho ဟာ တာဝန်စတင်ထမ်းဆောင်ပြီးကတည်းက လူမှုကွန်ရက်ကို အသုံးပြုခြင်းမရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ EXO-Ls တွေအတွက် Instagram Story မှာ ပို့စ် (၂)ခုတင်ခဲ့ပါတယ်။

ပထမပုံမှာတော့ ပန်းရောင်လွှမ်းနေတဲ့ ညနေဆည်းဆာပုံတစ်ပုံဖြစ်ပြီး သက်တန့်လေးပါ ပါနေတာကို တွေ့ရမှာဖြစ်ပြီး အဲဒီမှာ “Thought of you EXO-L” ဆိုတဲ့ Caption ကို ရေးထားပါတယ်။

ဒုတိယပုံကတော့ EXO အဖွဲ့ရဲ့ “Smile On My Face” သီချင်းဖြစ်ပြီး အဲဒီသီချင်းမှာ သူသီဆိုတဲ့ “원한다면 나 있을게 있을게 여기 이대로 나 있을게 내가 있을게” စာသားနေရာမှာ ရပ်တန့်ထားပြီး “မင်းသာ လိုအပ်ရင် ငါ ဒီမှာရှိနေမှာပါ။ ဒီမှာ ငါ ရှိနေမှာပါ။ ဒီမှာ ဒီအတိုင်း ငါရှိနေမှာဖြစ်ပြီး ဒီမှာပဲ ရှိနေမှာပါ”လို့ အဓိပ္ပာယ်ရပါတယ်။

Suho ရဲ့ ပို့စ်တွေက EXO-Ls တွေရဲ့ ရင်ကို နွေးထွေးစေခဲ့ပြီး သူတို့အနေနဲ့လည်း Suho ကို လွမ်းဆွတ်နေကြောင်း၊ ကျန်းမာရေးကောင်းဖို့ ဆုတောင်းကြောင်းတွေ ရေးသားခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page