Cele

■ ကိုရီးယားအနုပညာလောကကို ခြိမ်းခြောက်လာတဲ့ Covid-19

— – – TREASURE အဖွဲ့ဝင် (၂)ဦးအပါအဝင် Covid-19 ကူးစက်ခံရတဲ့ အနုပညာရှင် (၁၂)ဦးအထိ ရှိလာ …

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အနုပညာရှင် (၁၂)ဦးအထိ Covid-19 ကူးစက်ခံရပြီးနောက်မှာတော့ ကိုရီးယားအနုပညာလောကမှာ Covid-19 ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

BTOB အဖွဲ့ဝင် Minhyuk ဟာ သိပ်မကြာခင်က Covid-19 ကူးစက်ခံခဲ့ရပါတယ်။ ပထမတုန်းက ဆေးစစ်ရာမှာ Negative ပြခဲ့ပေမဲ့ နောက်ဆုံးမှာ Positive ပြခဲ့ပြီး ရောဂါလက္ခဏာတွေကိုလည်း ခံစားခဲ့ရတယ်လို့ သိရပါတယ်။

TREASURE အဖွဲ့ဝင် Doyoung ကတော့ ဇူလိုင် (၁၃)ရက်မှာ Covid-19 ခံခဲ့ရပြီး တခြားအဖွဲ့ဝင်တွေကို စစ်ဆေးရာမှာ Negative ပြခဲ့ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တခြား TREASURE အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Junghwan ကိုလည်း Covid-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကနဦးမှာ Negative ပြခဲ့ပေမဲ့ self-isolation လုပ်နေချိန်အတွင်း Positive ပြခဲ့တာပါ။

Movie High Five ရုပ်ရှင် ရိုက်ကူးနေတဲ့ Yoo Ah In, Oh Jung Se နဲ့ Ra Mi Ran တို့ကတော့ ဝန်ထမ်းတွေ Covid-19 ကူးစက်ခံခဲ့ရတာကြောင့် ရိုက်ကူးမှု ရပ်နားထားရပါတယ်။

လက်ရှိ ကိုရီးယားအနုပညာလောကမှာ Covid-19 ကူးစက်ခံရတဲ့ နာမည်ကျော် (၁၂)ဦးထက် မနည်းရှိနေတာဖြစ်ပြီး အစီအစဉ်တွေ၊ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေကို ရပ်နားထားရတာတွေတောင် ရှိနေကာ Covid-19 ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page