K pop

■ The Genius ရဲ့ ၂၀၂၁ အကောင်းဆုံးသီချင်း (၂၅)ပုဒ်မှာ ပါဝင်ခဲ့တဲ့ K-Pop သီချင်း (၂)ပုဒ်

— – – The Genius မှာ ရွေးချယ်ခံရတဲ့ Rosé နဲ့ BTS အဖွဲ့ရဲ့ သီချင်းတွေရဲ့ ရပ်တည်မှုကတော့ …

အမေရိကန်နာမည်ကျော် digital media company ဖြစ်တဲ့ Genius က The Genius Community’s 25 Best Songs of 2021 So Far အမည်နဲ့ ၂၀၂၁ ထုတ် လက်ရှိအကောင်းဆုံး သီချင်း (၂၅)ပုဒ်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီလို ရွေးချယ်မှုမှာ K-Pop သီချင်း (၂) ပုဒ်သာ ပါဝင်ခဲ့တာပါ။ ၂၀၂၁ အတွင်း K-Pop သီချင်းများစွာ ထွက်ရှိခဲ့ပေမဲ့ The Genius က ရွေးချယ်ခံရတဲ့ (၂)ပုဒ်ကတော့ BLACKPINK အဖွဲ့ဝင် Rosé နဲ့ BTS အဖွဲ့ရဲ့ သီချင်းတွေပါပဲ။

BTS အဖွဲ့ရဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Butter က ဒီစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး နံပါတ် (၁၅)နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Billboard Hot 100 မှာ နံပါတ်(၁)အဖြစ် အာရှအနုပညာရှင်တွေရဲ့ သီချင်းတွေထဲမှာ စံချိန်တင်ရပ်တည်ခဲ့တဲ့ Butter ရဲ့ အောင်မြင်မှုကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။

BLACKPINK အဖွဲ့ဝင် Rosé ရဲ့ Solo ပွဲထွက်သီချင်း On The Ground ကတော့ K-Pop သီချင်းတွေထဲမှာ The Genius Community မှာ ရပ်တည်မှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းဖြစ်တဲ့ On The Ground ဟာ Rosé ကိုယ်တိုင် ပါဝင်ရေးစပ်ထားတဲ့ သီချင်းဖြစ်ပြီး ၂၀၂၁ မှာ Hit ဖြစ်တဲ့သီချင်းဖြစ်သလို၊ The Genius Community’s 25 Best Songs of 2021 So Far စာရင်းမှာ နံပါတ် (၈) ချိတ်ခဲ့တာ ဖြစ်ပါတယ်။

The Genius Community’s 25 Best Songs of 2021 So Far မှာ နိုင်ငံတကာက အဆိုတော်တွေ ပါဝင်ခဲ့ပြီး နံပါတ် (၁)နေရာမှာတော့ နာမည်ကျော်အမျိုးသမီးအဆိုတော် Olivia Rodrigo ရဲ့ “good 4 u” က ရပ်တည်ခဲ့ပါတယ်။

Ref: The Genius

You cannot copy content of this page