K pop

■ IU နဲ့ Aliee တို့ အရမ်းကြိုက်ပါတယ်ဆိုတဲ့ အမျိုးသား Idol

— – – သူ့အသံကို ကြားရတာနဲ့တင် သူတို့ရဲ့ တုံ့ပြန်မှုက ဘယ်လောက်ကြွေတယ်ဆိုတာကို …

ကိုရီးယားထိပ်တန်း အမျိုးသမီးအဆိုတော်တွေဖြစ်တဲ့ IU နဲ့ Aliee တို့ အရမ်းကြွေပါတယ်ဆိုတဲ့ အမျိုးသား Idol တစ်ယောက် ရှိပါတယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး။ BIGBANG အဖွဲ့ဝင် Taeyang ပဲ ဖြစ်ပါတယ်။

Eyes, Nose, Lips၊ I Need A Girl အပါအဝင် Hit သီချင်းပေါင်းများစွာကို Solo အဖြစ်သာမက Kings of K-Pop လို့ တင်စားကြတဲ့ BIGBANG နဲ့အတူ ရေးသားသီဆိုထုတ်လုပ်ခဲ့တဲ့ Taeyang ဟာ K-Pop မှာ အဆိုပိုင်းနဲ့ ပတ်သက်လို့ Genius အဖြစ် သတ်မှတ်ခံရသူပါ။

အောက်က ဗီဒီယိုမှာ Taeyang အပေါ် IU ရဲ့ Fangirls Moments ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ IU က Taeyang ရဲ့ ဂီတနဲ့ အသံကို မြတ်နိုးရုံသာမက သူမရဲ့ Ideal Type အဖြစ်ပါ Taeyang ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

 

Sketchbook အစီအစဉ်မှာ Ailee ပါဝင်တုန်းက ဗီဒီယိုဖိုင်ကိုတော့ အောက်က ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

Taeyang လက်မှတ်ထိုးထားတဲ့ CD ကို လိုချင်ပါတယ်ဆိုတဲ့ Taeyang နဲ့ Big Fan Ailee အတွက် Taeyang ရဲ့ ဖုန်းခေါ်ဆိုမှုနဲ့ Ailee ရဲ့ Fangirl Moments ကို အောက်က ဗီဒီယိုမှာ မြင်တွေ့ရမှာပါ။

BIGBANG အဖွဲ့ဟာ K-Pop မှာ လက်ရှိ စီးဆင်းနေတဲ့ ဂီတရေစီးကြောင်းကို ဖန်တီးသူတွေအဖြစ် သတ်မှတ်ခံရထားသလို၊

သူတို့ကြောင့် K-Pop မှာ ပေါ်ပေါက်ခဲ့တာတွေဟာ Lightstick စလို့ များစွာရှိနေပြီး ယနေ့ထက်တိုင် သူတို့ကိုကြည့်ပြီး Idol ဖြစ်တဲ့ ကလေးတွေများစွာ ရှိနေတုန်းပါပဲ။

Ref: YT

You cannot copy content of this page