News

■ SEVENTEEN ပရိသတ်တွေအတွက် ကျေနပ်စရာသတင်းကောင်းကို Pledis Entertainment ထုတ်ပြန်

– – -SEVENTEEN ပရိသတ်တွေ လုံး၀၀မ်းသာသွားရမဲ့ သတင်းဖြစ်ပြီး…

Pledis Entertainment ဟာ SEVENTEEN အဖွဲ့ဝင် (၁၃) ယောက်စလုံးကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ (၁၉) ရက်နေ့မှာ SEVENTEEN အဖွဲ့ဝင်တွေအားလုံးဟာ သူတို့ရဲ့အေဂျင်စီနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

အဲဒီနောက် Pledis Entertainment က အဆိုပါ သတင်းတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ စတင်ပွဲထွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေစပြီး (၆) နှစ်အတွင်း SEVENTEEN ဟာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကြောင်း၊ သူတို့ ရဲ့စာချုပ်ဟာ မကုန်ဆုံးသေးပေမဲ့ အဖွဲ့ဝင် (၁၃) ယောက်စလုံးနဲ့ အေဂျင်စီဟာ လေးလေးနက်နက်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊

နှစ်ပေါင်းများစွာအတွင်း SEVENTEEN အဖွဲ့ဝင်တွေကြား ယုံကြည်မှုတွေ၊ Teamwork တွေတိုးလာခဲ့ကြောင်း၊ အေဂျင်စီအနေနဲ့ SEVENTEEN အဖွဲ့ဝင်တွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းPledis Entertainment ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

SEVENTEEN အဖွဲ့ဝင်တွေဟာ ၂၀၁၅ ခုနှစ်မှာ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page