K pop

■ လတ်တလော စွပ်စွဲခံရမှုတွေနဲ့ ပတ်သက်ပြီး Kris Wu ဘယ်လိုတုံ့ပြန်ခဲ့သလဲ

– — Kris Wu က သူ့အနေနဲ့ Du Meizhu နဲ့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ (၅) ရက်နေ့မှာတွေ့ဆုံခဲ့ကြောင်း…

အသက် (၁၉)နှစ်အရွယ် Du Meizhu ဆိုတဲ့ ကောင်မလေးက EXO အဖွဲ့ဝင်ဟောင်း Kris Wu ဟာ သူအပါအဝင် မိန်းကလေး (၃၀)ထံက ကာမလိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

Du Meizhu က Kris Wu အနေနဲ့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုလည်း Twitter တင်ခဲ့ပြီး လက်ရှိမှာ တခြားခံရတဲ့ မိန်းကလေးတွေဆီက သက်သေအထောက်အထားတွေစုဆောင်းနေကာ ရဲတပ်ဖွဲ့လက်ထဲ အပ်မယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး Kris Wu ဟာ ကြာကြာ နှုတ်ဆိတ်မနေတော့ဘဲ ပြတ်ပြတ်သားသား တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။ Kris Wu က သူ့အနေနဲ့ Du Meizhu နဲ့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ (၅) ရက်နေ့မှာတွေ့ဆုံခဲ့ကြောင်း၊ သူမဆီကို သောက်ဖို့ မတိုက်တွန်းခဲ့သလို ဖုန်းနံပါတ်လည်း မတောင်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

“သူမကို သောက်ဖို့ မပြောခဲ့သလို ဖုန်းနံပါတ်လည်း မတောင်းခဲ့ပါဘူး။ ပါတီမှာလည်း လူတွေအများကြီး ရှိနေပါတယ်။ တစ်စုံတစ်ယောက်ကို အဓမ္မကျူးလွန်တာမျိုး၊ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပေါ် ကျူးလွန်တာမျိုးကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။

တကယ်လို့ အဲဒီလိုလုပ်ခဲ့ရင် ကျွန်တော်ကိုင်တိုင် ထောင်ထဲသွားမှာပါ။ ကျွန်တော့်ရဲ့စကားတွေအတွက် အပြည့်အ၀ တာဝန်ယူပါတယ်”လို့ Kris Wu က ဖွင့်ဟခဲ့ပါတယ်။

အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက် Kris Wu နဲ့ လက်တွဲနေတဲ့ နာမည်ကျော် skincare brand တစ်ခုဖြစ်တဲ့ KANS ကတော့ Kris Wu နဲ့ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး နောက်ထပ်လုံးဝလက်တွဲတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page