News

■ BLACKPINK ထဲမှာ အရင်ဆုံး လက်ထပ်နိုင်ခြေရှိတဲ့ အဖွဲ့ဝင်က ဘယ်သူဖြစ်မလဲ

– – – BLACKPINK ထဲမှာ အရင်ဆုံး လက်ထပ်နိုင်ခြေရှိတဲ့ အဖွဲ့ဝင်ကို Lisa က ခန့်မှန်းခဲ့တာဖြစ်ပြီး သူကတော့…..

BLACKPINK အဖွဲ့ဝင်တွေဟာ YouTube Originals နဲ့ တွေ့ဆုံခဲ့ပြီး ပရိတ်တွေ သိလိုချင်ကြတဲ့ အကြောင်းအရာကို မျှဝေခဲ့ကာ ဂိမ်းတွေလည်း ကစားခဲ့ပါတယ်။ ပထမဆုံး Lisa က စတင်ကစားခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ ရွေးချယ်မှု ပြုလုပ်ရတဲ့ မေးခွန်းဂိမ်းကို ကစားခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခု ရောက်လာခဲ့ပြီး ဒါကတော့ ” BLACKPINK အဖွဲ့ထဲမှာ ဘယ်သူအရင်ဆုံးလက်ထပ်မလဲ”ဆိုတဲ့မေးခွန်းပါပဲ။ Lisa က ဒီမေးခွန်းအတွက် စိတ်လှုပ်ရှားစွာနဲ့ စဉ်းစားနေခဲ့ပြီး ရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။

Lisa ရွေးချယ်နေတဲ့အချိန်မှာ ကျန်အဖွဲ့ဝင်တွေက မျက်လုံးကို လက်နဲ့ အုပ်ထားရပါတယ်။ နောက်ဆုံးမှာ Lisa ဟာ Jennie ကို လက်ညိုးထိုးပြပြီး ရွေးချယ်ခဲ့ပါတယ်။ Lisa ရွေးချယ်အပြီးမှာတော့ အဖွဲ့ဝင်တွေက လက်ကိုပြန်ချခဲ့ပြီး Lisa ရွေးချယ်ခဲ့သူကို ခန့်မှန်းရင်း ငြင်းခုံခဲ့ကြပါတယ်။

Jisoo က စိတ်ဝင်စားစွာနဲ့ “ဒါဆို ဘယ်သူက အရင်ဆုံး လက်ထပ်မယ့်သူလဲ”လို့ မေးခဲ့ပါတယ်။ အဲဒီနောက် Jisoo က Lisa ကို ပြန်လက်ညိုးထိုးခဲ့ပြီး “သူ့ကိုယ်သူ ပြန်ရွေးခဲ့တာထင်တယ်”လို့ အရွှန်းဖောက်ခဲ့ပါတယ်။ Lisa ကိုယ်တိုင်လည်း ပွဲကျသွားခဲ့ပြီး ရယ်နေခဲ့ပါတော့တယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page