K pop

■ Nayeon ရဲ့ ဖုန်းနံပါတ်အတောင်းခံရတဲ့ ဇာတ်လမ်း

— ဇာတ်လမ်းက ကြာတာတော့ကြာပါပြီ…ဒါပေမဲ့ မသိသေးတဲ့ ONCE တွေအတွက်ကတော့ အသစ်မဟုတ်လား….

Nayeon ဟာ အလွန် Cute ဖြစ်လွန်းတဲ့သူဖြစ်တာကြောင့် ခုမြင်ခုကြိုက်တဲ့ သကောင့်သားတွေတန်းစီ နေမှာပါပဲ။ Knowing Brothers အစီအစဉ်တစ်ခုမှာတုန်းက Nayeon ဟာ လူစိမ်းတစ်ဦးက သူမရဲ့ ဖုန်းနံပါတ်တောင်းခဲ့ဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြောပြခဲ့ဖူးပါတယ်။

အဆိုပါဇာတ်လမ်းဖြစ်ပွားခဲ့တာဟာ သူမအနေနဲ့ အပြင်ထွက်ပြီးလမ်းလျှောက်နေတုန်းဖြစ်ပွားခဲ့တာလို့ Nayeon က ရှင်းပြခဲ့ပါတယ်။ သူမအနေနဲ့ လမ်းလျှောက်နေစဉ် လူစိမ်းယောကျာ်းတစ်ဦးဟာ ဖုန်း ကိုင်ထားပြီး သူမနားချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချဉ်းကပ်လာတဲ့ယောကျာ်းကိုတွေ့တဲ့အခါ Nayeon က သူမရဲ့ပရိသတ်လို့ထင်မှတ်ခဲ့သလို ဓါတ်ပုံအ တူတူရိုက်ဖို့ဖြစ်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ အဲလိုမဟုတ်ခဲ့ပါဘူး။ အဆိုပါ ယောကျာ်းလေးဟာ Nayeon ကို မြင်တွေ့တာနဲ့ ကြွေသွားခဲ့ပြီး ရှက်ရှက်နဲ့ Nayeon ဆီက ဖုန်းနံပါတ်တောင်းခဲ့တာဖြစ်ပါ တယ်။

Nayeon ကလည်း သူမဆီက ဖုန်းနံပါတ်တောင်းမယ်လို့ မထင်မှတ်ခဲ့တာကြောင့် ရှော့ခ်ဖြစ်ခဲ့ပြီး ဘာ ပြန်ပြောရမှန်းမသိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဘာလုပ်ရမှန်းမသိတာကြောင့် Nayeon ဟာ ထွက်ပြေးခဲ့ တယ်လို့ သိရပါတယ်။ Nayeon ဟာ သူမရဲ့ အဆိုပါ ဖုန်းနံပါတ်တောင်းခံရတဲ့ ဇာတ်လမ်းလေးကို ပြောခဲ့ပြီး အဆုံးသတ်မှာ အဆိုပါ ယောကျာ်းလေးအနေနဲ့ ဒီအစီအစဉ်ကိုကြည့်ပြီး အဲဒီကိစ္စကို မှတ် မိမယ်ဆိုရင် သူမရဲ့အပြုအမူတွေအတွက် တောင်းပန်ပါတယ်လို့လည်း Nayeon က ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page