K pop

■ ဘယ် Concept မဆို လိုက်ဖက်မှုရှိတဲ့ Idol (၅)ဦး

— Idol တွေဟာ သီချင်းသစ်တွေ၊ Album သစ်တွေ ပရိုမိုးရှင်းလုပ်တိုင်း များစွာသော Image တွေ ချပြ လေ့ရှိတယ်မဟုတ်လား။ သူတို့တွေဟာ Concept အသစ်တွေ၊ စတိုင်အသစ်တွေနဲ့ ပရိုမိုးရှင်းပြုလုပ် လေ့ရှိတာပါ။ Idol တွေအကုန်လုံးကတော့ သူတို့နဲ့ လိုက်ဖက်မှုရှိတဲ့ Concept အသစ်တွေနဲ့ ပြည့်စုံ နေကြတာပါပဲ။

ဒါပေမဲ့ အားလုံးထဲက ဘယ် Concept နဲ့မဆို လိုက်ဖက်မှုရှိပြီး စွန်းလန်းတဲ့ Idol Member (၅)ဦးကို Cosmopolitan magazine က ရွေးချယ်ခဲ့ပါတယ်။

BLACKPINK – Jennie

Jennie ဟာ Concept တစ်ခုပြောင်းတိုင်း ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ခံရသူဖြစ်ပါတယ်။ Retro-Look လား Girl Crush Look လား…ကြိုက်တာလာထား…ဘာ Concept လာလာ ဒေါင်းတဲ့ သူဖြစ်ပါတယ်။ Jennie ဟာ ပုတ်သင်ညိုလိုပဲ အလွယ်တကူအရောင်ပြောင်းနိုင်တဲ့ Idol တစ်ဦးဖြစ် ပါတယ်။

BTS – V

BTS အဖွဲ့ဝင် V ဟာ စတင် Debut လုပ်ကတည်းက ဘယ်စတိုင်နဲ့မဆို လိုက်ဖက်မှုရှိတယ်ဆိုတာကို ပြသထားသူဖြစ်ပါတယ်။ နောက်ပြီး သူဟာ BTS အဖွဲ့ထဲမှာ တောက်ပြောင်လွန်းပြီး ဝင့်ဝင့်ဝါဝါရှိတဲ့ Hair Color တွေကို ဖော်ပြလေ့ရှိသူဖြစ်ကာ သူ့ရဲ့ Visual နဲ့ အမြဲတမ်းလိုက်ဖက်မှုရှိအောင် စွမ်း ဆောင်သူပါ။ BTS ရဲ့ ထုတ်လွှင့်တဲ့ Concert တိုင်းမှာ ထင်ပေါ်လေ့ရှိပြီး Concert Photo တွေနဲ့ Instagram ၊ Twitter တို့မှာ စံချိန်တွေလည်း တင်ခဲ့သူဖြစ် ပါတယ်။

NCT – Taeyong

NCT အဖွဲ့ဝင် Taeyong ဟာ အဝတ်အစား၊ အရောင်အသွေးစုံတဲ့ Hair Style ၊ မျိုးစုံသော မိတ်ကပ် တွေနဲ့ သက်ရှိထင်ရှားအနုပညာလက်ရာ Idol တစ်ဦးလို ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ မကြာသေးခင် က Super M ပရိုမိုးရှင်းမှာ ဖော်ပြခဲ့တဲ့ Masculine အရိုင်းဆန်ဆန် Concept တွေဟာ ပရိသတ်တွေ ကို ကြွေစေခဲ့ပါတယ်။

SHINee – Taemin

SHINee နေ့တွေစလာကတည်းက အပြစ်ကင်းစင်တဲ့ အငယ်ဆုံးပုံရိပ်တွေနဲ့ အစပြုခဲ့တဲ့ Taemin ဟာ စွန်းလန်းတဲ့ ပုံရိပ်တွေကို ဆင့်ကဲဆင့်ကဲ ချပြခဲ့သူပါ။ Solo Artist တစ်ဦးအနေနဲ့ စာမျက်နှစ်အသစ်ကို စလှန်တော့လည်း မိမိုက်နေခဲ့တာဖြစ်ပါတယ်။ Taemin ဟာ သူ့ရဲ့ တတိယမြောက် Album ‘Never Gonna Dance Again: Act 1’ မှာ ဆိုးသွမ်းတဲ့လူငယ်တစ်ဦးရဲ့ အကြည့်တွေနဲ့ သတ်ခဲ့သူပါ။ ဒါ့အပြင် တက်တူးအတုနဲ့ အကြည့်စိမ်းစိမ်းတွေကိုလည်း ချပြခဲ့သူဖြစ်ပါတယ်။

CLC – Yeeun

CLC အဖွဲ့ဝင် Yeeun ရဲ့ Vibe ကို ပရိသတ်တွေက Animation Character တွေနဲ့ တင်စားလေ့ရှိပါ တယ်။ Concept ပေါ်မူတည်ပြီး Yeeun ဟာ သူ့ရဲ့ ကွဲပြားတဲ့ Vibe တွေကို ချပြထားတာပါ။ မိတ်ကပ် မလိမ်းရင်တောင် Yeeun ဟာ အပြစ်ကင်းစင်တဲ့မျက်နှာလေးပေါ်လွင်ပြီး ညို့အားပြင်းပြင်း ခက်ထန် တဲ့ပုံဆိုရင်လည်း မျက်နှာက ကွဲထွက်သွားတာဖြစ်ပါတယ်။  သူမဟာ “Helicopter” Cocept မှာ Girl-Crush ပုံစံမျိုး ပြခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page