Cele

■ Kim So Hyun ဆီကို ရန်ငြိုးတွေနဲ့ Coffee Truck ပို့ခဲ့တဲ့ Taecyeon

— – – မင်းသမီး Kim So Hyun ဆီကို လက်ဆောင်ပို့ခဲ့ပေမဲ့ Taecyeon ရင်ထဲမှာ ရှိနေတဲ့ မကျေနပ်ချက်ကတော့ …

Ok Taecyeon ဟာ မင်းသမီး Kim So Hyun ဆီကို သူ့ရဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုကို အားပေးဖို့အတွက် Coffee Truck လက်ဆောင်ပေးပို့ခဲ့ရာမှာတော့ Banner တွေမှာ ရေးထားတဲ့ စာတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

Coffee Truck Banner မှာ Ok Taecyeon က “So Hyun ရေ၊ မင်း ငါစစ်မှုတာဝန်ဆောင်နေစဉ်က မင်း ငါ့ဆီ မလာခဲ့ပေမဲ့ပေါ့ ….”ဆိုပြီး ရေးသားခဲ့တာပါ။

နောက် Banner တစ်ခုမှာလည်း Taecyeon က “မင်းနဲ့အတူ တခြားသရုပ်ဆောင်၊ ဝန်ထမ်းတွေအားလုံးကို ငါ အားပေးနေပါတယ်။ မင်း ငါ စစ်မှုထမ်းနေစဉ်အတွင်း လုံးဝမလာခဲ့တာတောင်ပေါ့…”ဆိုပြီး ထပ်မံရေးသားခဲ့တာပါ။

Taecyeon အနေနဲ့ အခုလို ရေးတာ ပထမဆုံးအကြိမ် မဟုတ်ဘဲ စစ်မှုတာဝန်ထမ်းဆောင်နေတုန်းက The Emperor ဇာတ်လမ်းတွဲ ရိုက်နေတဲ့ Kim So Hyun ဆီကို coffee truck ပို့ရာမှာ “စစ်တပ်ကို လာလည်ပါ”ဆိုပြီး ရေးသားခဲ့ပါတယ်။

Taeyeon အနေနဲ့ Kim So Hyun ကို စစ်တပ်ကို လာလည်ဖို့ ဖိတ်ကြားခဲ့ပေမဲ့ အလုပ်များပုံရတဲ့ Kim So Hyun ဟာ သွားလည်ခဲ့ခြင်း မရှိတာကြောင့် Taeyeon အနေနဲ့ Hey Ghost, Let’s Fight ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Kim So Hyun အပေါ် ရန်ငြိုးထားတာ ဖြစ်မယ်လို့ ပရိသတ်တွေ စနောက်ခဲ့ကြပါတယ်။

ပရိသတ်တွေက “ချစ်စရာ ကောင်းလိုက်တာ ဟား ဟား” “သူ အဲဒီအချက်ကို ထာဝရ ရန်ငြိုးထားတာပဲ” “သူရဲ့ အခဲမကျေမှုကလည်း Haha”ဆိုတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page