K pop

■ ပွဲထွက် Solo Album အတွက် Tracklist ကို EXO အဖွဲ့ဝင် D.O. ပြသ

— – – D.O. ရဲ့ ပွဲထွက် Solo Album မှာ ပါဝင်မယ့် သီချင်းတွေကတော့ …

EXO အဖွဲ့ဝင် D.O. ရဲ့ ပထမဆုံးပွဲထွက် Solo Album မှာ ပါဝင်မယ့် Tracklist ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် (၁၉)ရက်မှာတော့ SM Entertainment က EXO အဖွဲ့ဝင် D.O. ရဲ့ ပထမဆုံးပွဲထွက် solo mini-album ‘Empathy’ နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အဖွဲ့ရဲ့ Official Social Media အကောင့်မှာ တင်ခဲ့တာပါ။

‘Empathy’ မှာ သီချင်း (၈)ပုဒ် ပါဝင်မှာဖြစ်ပြီး ခေါင်းစီးသီချင်း “Rose” နဲ့အတူ “I’m gonna love you (feat. Wonstein)”, “My Love”, “It’s Love”, “Dad”, “I’m Fine” နဲ့ “Rose”၊ “Si Fueras Mia” တို့ရဲ့ English Version တွေ ဖြစ်ပါတယ်။

EXO အဖွဲ့ဝင် D.O. ရဲ့ ပထမဆုံးပွဲထွက် solo mini-album ‘Empathy’ ကိုတော့ ဇူလိုင်လ (၂၆)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ (၆)နာရီမှာ ထုတ်လွှင့်မှာပါ။

Ref: AKP

You cannot copy content of this page