K pop

■ ရုပ်သံထုတ်လွှင့်မှုတွေမှာ အမျိုးသမီး Idol တွေ ဘာကြောင့် Seat Belt သေချာမဝတ်သလဲ

— – – Running Man လို အစီအစဉ်မျိုးတွေ ကားစီးကြတဲ့အခါ အမျိုးသမီး Idol တွေ Seat Belt သေချာမဝတ်တာကို မြင်ဖူးကြပါလိမ့်မယ်။ အကြောင်းရင်းကတော့ ….

Running Man တို့လို နာမည်ကျော် Variety အစီအစဉ်တွေမှာ အမျိုးသမီး Idol တွေ Seat Belt သေချာမဝတ်ဘဲ ဝမ်းဗိုက်မှာ ဒါမှမဟုတ် လက်နဲ့ကာပြီး ဝတ်တာကို ပရိသတ်တွေ မြင်ဖူးကြမှာပါ။

ဘာလို့ ပခုံးကနေ သေချာသိုင်းဖက်ပြီး မဝတ်ရတာလဲဆိုတဲ့အကြောင်းရင်းကတော့ ကားစီးချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ကင်မရာတွေ အရမ်းနီးကပ်နေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက ခိုင်မာတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ မိတ်ဆွေ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ဆက်တွဲက ရှိနေပါတယ်။

တကယ်လို့ ပခုံးကနေသာ Seat Belt ကို သေချာဝတ်လိုက်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ရင်သားပုံစံကို အထင်သားမြင်ရသလို ဖြစ်သွားပါလိမ့်မယ်။ အဲဒီအခါ လူမှုကွန်ရက်ခေတ်ဖြစ်တဲ့ ဒီနေ့ခေတ်မှာ နေရာတကာ စဆရကြီးလုပ်တတ်တဲ့ လူတချို့ရဲ့ အမုန်းစကားတွေက ထွက်ပေါ်လာလိမ့်မယ်။

အဲဒါတွေကို ရှောင်ဖို့အတွက် အမျိုးသမီး Idol တွေ Seat Belt ကို ပခုံးကနေ သိုင်းဖက်ပြီး မဝတ်ဘဲ လက်အကာနဲ့ပဲ ဖြစ်ဖြစ်၊ ဝမ်းဗိုက်မှာပဲ ပုံတွေမှာ မြင်တွေ့ရသလို ဝတ်ကြတာဖြစ်တယ်လို့ ကိုရီးယား Broadcasting Deliberation Committee က ရှင်းပြခဲ့ပါတယ်။ Idle တွေများခေတ်မှာ ဒါက အရမ်းကို လိမ္မာပါးနပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ ဆိုရမှာပါ။

— ဃဲ
Source: TheQoo

You cannot copy content of this page