— – – K အနုပညာလောကမှာ ပထမဆုံး အနုပညာရှင်တွေအဖြစ်
Korean credit card company တစ်ခုဖြစ်တဲ့ BC Card က BLACKPINK အဖွဲ့နဲ့ ပူးပေါင်းပြီး BLACKPINK Card တွေကို ဇူလိုင် (၁၉)ရက်က ကိုရီးယားမှာ စတင်ထုတ်ဝေခဲ့ပါတယ်။
K-Pop အနုပညာရှင်တွေထဲမှာ ပထမဆုံးဖြစ်ပြီး BLACKPINK Card ကို ကိုရီးယားတွေ အထူးသဖြင့် K-pop fans တွေ သဘောကျနေတယ်လို့ သိရပါတယ်။
BLACKPINK Card ကို ဒီဇိုင်း (၁၀)မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီဒီဇိုင်းတွေကို BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Jisoo, Jennie, Rosé နဲ့ Lisa တို့က ပူးပေါင်း ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။
BLACKPINK Card မှာ fan-friendly features ပါဝင်ပြီး in-app payments, streaming, ticket, albums/books discounts တို့ကို ရရှိမှာဖြစ်တဲ့အပြင် နေ့စဉ်ဘဝမှာပါ အသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။
Ref: Koreaboo