K pop

■ BTS နဲ့ ပွဲမထွက်ခင်တုန်းက Taxi သမားတစ်ယောက်ဆီမှာ ဂျင်းထည့်ခံခဲ့ရဖူးတဲ့ V

– – – ဆိုးလ်က လမ်းတွေကို သေချာမသိတဲ့ V တို့သားအဖနှစ်ယောက်ဟာ…

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း BTS အဖွဲ့ဟာ သူတို့ရဲ့ Billboard နံပါတ်တစ်သီချင်းဖြစ်တဲ့ Dynamite နဲ့ ပတ်သက်ပြီး Online မီဒီယာတွေဆုံပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ မေးခွန်းများစွာ အမေးခံခဲ့ရသလို စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတချို့ကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။ V ကတော့ BTS နဲ့ ပွဲမထွက်ခင်တုန်းက Taxi တစ်ယောက်ဆီမှာ ခံခဲ့ရဖူးတဲ့အကြောင်းကို ထုတ်ဖော်သွားခဲ့ပါတယ်။

အဲဒီတုန်းက V နဲ့သူ့အဖေတို့ဟာ Big Hit Entertainment ကို စာချုပ်ချုပ်ဆိုဖို့ လာရောက်စဉ်က ဖြစ်ပါတယ်။ V တို့ဟာ ဆိုးလ်မှာရှိတဲ့ အဝေးပြေးကားဂိတ်ကနေ Big Hit Entertainment ကို ကားငှားလာခဲ့ပါတယ်။ ကားဂိတ်နဲ့ Big Hit Entertainment တို့ဟာ မိနစ် (၂၀) လောက်သာ မောင်းရပေမဲ့ Taxi သမားက သူတို့ကို ဈေးအဆမတန် တောင်းခဲ့ပါတယ်။

ဝမ် (၁) သောင်းလောက်သာ ကျသင့်တဲ့ ဒီခရီးစဉ်အတွက် V တို့သားအဖက ဝမ် (၃၂၈၀၀) အထိ တောင်းခံခဲ့ရပါတယ်။ “ကျွန်တော်နဲ့ အဖေတို့ဟာ Taxi ငှားခဲ့ပြီး Taxi သမားဆီမှာ အလိမ်ခံခဲ့ရဖူးပါတယ်”လို့ V က ဖွင့်ဟခဲ့ပါတယ်။

V နဲ့ သူ့အဖေတို့ဟာ အဲဒီတုန်းက ဆိုးလ်က လမ်းတွေကို မသိခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဒါဟာ ရယ်စရာကောင်းတဲ့ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်နေခဲ့ပြီလို့ V က ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page