K pop

■ BLACKPINK အဖွဲ့ဝင်တွေရဲ့ ကြေကွဲစရာအကောင်းဆုံး ကိုယ်တွေ့ဖြစ်ရပ် (၄) ခု

– – – ဒီဖြစ်ရပ်တွေက BLACKPINK အဖွဲ့ဝင်တွေအတွက် တကယ့်ကို ကြေကွဲစရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး…….

BLACKPINK အဖွဲ့ဟာ ဒီနေ့အချိန်မှာ တစ်ကမ္ဘာ့လုံးအတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမတို့မှာလည်း ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ်။

Jisoo

BLACKPINK ရဲ့ Documentary ဖြစ်တဲ့ LACKPINK: Light Up The Sky ထဲမှာ Jisoo က သူမကို ငယ်ငယ်တုန်းက အမျိုးတွေက ရုပ်ဆိုးတယ်လို့ ပြောလေ့ရှိကြောင်း မိတ်ကပ်လိမ်းနေရင်း ဝမ်းနည်းဖွယ် ဖွင့်ဟခဲ့ပါတယ်။ ဒီမှာ မိတ်ကပ်ဆရာက “မင်းက အလှဆုံးပါ”လို့ ပြောရင်း နှစ်သိမ့်အားပေးခဲ့ပါတယ်။

Jennie

အခုနှစ်အစောပိုင်းအတွင်း BLACKPINK အဖွဲ့ဟာ #AWESOMELIVE ကို တက်ရောက်ခဲ့ပြီး Samsung အတွက် ပရိသတ်တွေနဲ့ live-streamed Event ပြုလုပ်ခဲ့ပါတယ်။ ဒီမှာ Jennie က Anti-Fan တွေဆီကနေ မကောင်းတဲ့ မှတ်ချက်တွေများစွာ ရရှိတာကို တွေ့ခဲ့ရပါတယ်။ Host ကလည်း ဒီအခြေအနေကို လျစ်ရှူခဲ့လို့ ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။

Rosé

Rosé ကတော့ ပရိသတ်တစ်ယောက်ရဲ့ မျက်ကွယ်ပြုခြင်းကို ခံခဲ့ရတာပါ။ ပွဲတစ်ခုမှာ ပရိသတ်တစ်ယောက်ဟာ Rosé နဲ့ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပရိသတ်ဟာ Rosé ကို ကျော်ကာ Lisa ဆီကိုသာ သွားခဲ့ပါတယ်။ အဲဒီပရိသတ်က သူမကို ကျော်သွားတဲ့အချိန်မှာ Rosé က အနည်းငယ်ကြောင်သွားခဲ့ပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိ ဖြစ်ခဲ့ပါတယ်။

Lisa

Lisa ကတော့ ဒီနှစ်အစောပိုင်းအတွင်းမှာပဲ သူမအယုံကြည်ရဆုံး မန်နေဂျာဖြစ်သူဆီကနေ ငွေအလိမ်ခံခဲ့ရတာပါ။ Lisa ဟာ ဝမ် (၁) ဘီလီယံလောက် အလိမ်ခံခဲ့ရပေမဲ့ အယုံကြည်ရဆုံးမန်နေဂျာကို သဘောထားကြီးပေးခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page