News

■ Group Chat မှာ အဖွဲ့ဝင်တွေရဲ့ အချေခံခဲ့ရတဲ့အကြောင်း ဖောက်သည်ချခဲ့တဲ့ Jihyo

– – -Jihyo ဟာ TWICE အဖွဲ့ခေါင်းဆောင် ဖြစ်ပေမဲ့လည်း သူမရဲ့ အဖွဲ့ဝင်တွေဆီမှာ အချေခံခဲ့ရ….

တလောတုန်းက ထုတ်လွှင့်ခဲ့တဲ့ Radio Star အစီအစဉ်မှာ TWICE အဖွဲ့ပါဝင်ခဲ့ရာမှာတော့ စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို ဖွင့်ဟသွားခဲ့ပါတယ်။

အဲဒီအထဲမှာမှ TWICE အဖွဲ့ဝင်တွေဟာ Group Chat မှာ အချေခံရတဲ့အကြောင်းကို ဖွင့်ဟခဲ့ကြပါတယ်။ ပထမဆုံး Momo က TWICE ရဲ့ Group Chat မှာဆိုရင် သူမရဲ့ မက်ဆေ့ချ်တွေက အဖတ်မလုပ်ခံရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီအခါ Jihyo ကလည်း Momo တစ်ယောက်တည်း မဟုတ်ဘဲ Group Chat ထဲမှာ သူလည်း အချေခံခဲ့ရတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ JYP ရဲ့ PR Team က Album အတွက် မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားဖို့ Jihyo ကို ပေးပို့လေ့ရှိပါတယ်။

တချို့မေးခွန်းတွေဟ ခက်ခဲတဲ့အတွက် Jihyo ဟာ TWICE အဖွဲ့ရဲ့ Group Chat ထဲကို ပေးပို့ပြီး အဖွဲ့ဝင်တွေဆီက အကူအညီတောင်းခံလေ့ရှိပါတယ်။ ဒီအခါ Group Chat ထဲမှာ TWICE အဖွဲ့ဝင်တွေက သူမရဲ့ မက်ဆေ့ချ်ကို မသိချင်ယောင်ဆောင်ပြီး ဘာမှပြန်မပြောဘူးလို့ Jihyo က ဖောက်သည်ချသွားခဲ့ပါတယ်။

Momo ကတော့ သူမအနေနဲ့ Jihyo ပို့တဲ့ မက်ဆေ့ချ်ကို မြင်ပေမဲ့ ဘာပြန်ပြောရမှန်းမသိတာကြောင့် ဒီအတိုင်း မသိမသာဘဲ နေလိုက်တာလို့ ဆိုပါတယ်။ Group Chat မှာ မှာ အချေခံရတဲ့ Jihyo ရဲ့ အကြောင်းကတော့ ပွဲကျစရာပဲလို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page