– – -အဖွဲ့ဝင်တွေကလည်း စိတ်ဓာတ်ကျနေပြီး ဖျက်သိမ်းလုနီးပါး အခြေအနေမှာ ဒီအချိုးအကွေ့က RM အတွက်…
Running Man အစီအစဉ်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ Show စတင်ပြီး တစ်နှစ်ကျော်အကြာမှာပဲ သူတို့ဟာ အခက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖျက်သိမ်းလုနီးပါး အခြေအနေအထိ ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို RM အပိုင်းတစ်ပိုင်းမှာ အဖွဲ့ဝင်တွေက ပြန်ပြောင်းပြောကြားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်အတွင်း Running Man အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံကို သွားရောက်ကြခဲ့ပါတယ်။ ထိုင်းကိုမသွားခင် တစ်ပတ်အလိုလောက်မှာ Show ဟာ မကြာခင် အဆုံးသတ်ရနိုင်ကြောင်း ကြားသိရတဲ့အတွက် အဖွဲ့ဝင်တွေ တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။
ဒါပေမဲ့ ထိုင်းကိုရောက်ချိန်မှာတော့ ထိုင်းပရိသတ်ထု ထောင်ချီခန့်က သူ့တို့ကို လေဆိပ်မှာ တခဲနက်ကြိုဆို အားပေးခဲ့ကြပါတယ်။ ဒီပရိသတ်တွေကိုမြင်လိုက်ရချိန်မှာ အဖွဲ့ဝင်တွေက အလွန်အံ့အားသင့်ခဲ့ရပြီး ဒါက hidden camera prank ဖြစ်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။
ဒီအခိုက်အတန့်က သူတို့အတွက် အလှည့်အပြောင်းဖြစ်ခဲ့ပြီး သူတို့အနေနဲ့ နိုင်ငံခြားပရိသတ်တွေကို အမြဲတမ်းကျေးဇူးတင်ကြောင်း အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ကြပါတယ်။
Ref: Koreaboo