K pop

■ YG ရဲ့ နာမည်ကျော် ပရိုဂျူဆာ Choice 37 ဖန်တီးထားတဲ့ အအောင်မြင်ဆုံး Hit သီချင်း (၁၀) ပုဒ်

– – – ပရိသတ်ကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ YG အနုပညာရှင်တွေရဲ့ သီချင်းတချို့ဟာ Choice 37 ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

YG Entertainment ဟာ ထူးချွန်းတဲ့ ပရိုဂျူဆာကောင်းများစွာကို ပိုင်ဆိုင်ထားတာပါ။Teddy နဲ့ Future Bounce တို့ဟာ အားလုံး အသိအမှတ်ပြုလက်ခံထားကြတဲ့ နာမည်ကျော်ထိပ်တန်း ပရိုဂျူဆာတွေပါ။

ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဖန်တီးပေးနေတဲ့ ပရိူဆာဂျူ Choice 37 ကိုတော့ ပရိသတ်တွေ အသိနည်းလှပါတယ်။ သူ ဖန်တီးထားခဲ့တဲ့ လက်ရာမြောက်အကောင်းဆုံးသီချင်း (၁၀) ပုဒ်ကို ဖော်ပြပေးလိုက်ရပါတယ်။

BIGBANG – “Bad Boy”

BIGBANG ရဲ့ နာမည်ကျော်သီချင်း Bad Boy ကိုတော့ Choice 37 က G-Dragon နဲ့ပူးပေါင်းကာ ဖန်တီးထားခဲ့တာပါ။ ဒီသီချင်းဟာ BIGBNAG ရဲ့ အကောင်းဆုံးတွေထဲကတစ်ပုဒ် ဖြစ်ပါတယ်။

G-DRAGON – “Butterfly”

အေးအေးဆေးဆေး၊ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ နားထောင်ရမယ့် G-Dragon ရဲ့ Butterfly ကိုလည်း Choice 37 က ဖန်တီးပေးတာပါ။ ဒီသီချင်းကတော့ Choice 37 က YG Entertainment အတွက် ပထမဆုံး ဖန်တီးပေးထားခဲ့တဲ့ သီချင်းပါ။

Lee Hi – “1, 2, 3, 4”

ပရိသတ်တွေကြား အလွန်ပေါက်ခဲ့တဲ့ Lee Hi ရဲ့ 1, 2, 3, 4 ကလည်း Choice 37 ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဒီသီချင်းကိုတော့ Choice 37 က Lydia Paek နဲ့ တွဲဖက်ဖန်တီးထားတာပါ။

iKON – “My Type”

iKON ရဲ့ နာမည်ကျော် My Type ကလည်း Choice 37 ကိုယ်တိုင် ဖန်တီးပေးထားခဲ့တာပါ။ Gaon Music Chart ရဲ့ ၂၀၁၅ ခုနှစ်အတွင်း အရောင်းရဆုံး တန်းစီစာရင်းမှာ အဆင့် (၃၄) အထိ ချိတ်ခဲ့ပါတယ်။

2NE1 – “Crush”

2NE1 ရဲ့ နောက်ဆုံး စတူဒီယို Album ထဲက Crush ကလည်း Choice 37 က ဖန်တီးပေးထားခဲ့တာပါ။ သီချင်းဟာ ပေါက်ကွဲအားပြင်းထန်ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ဒါ့အပြင် T.O.P ရဲ့ “Doom Dada”၊ MINO – “I’m Him”၊ Taeyang – “1AM”၊ PIK HIGH – “Happen Ending”၊ BIGBANG – “SOBER” တို့ဟာလည်း Choice 37 ဖန်တီးပေးထားခဲ့တဲ့ လက်ရာကောင်းတွေပဲ ဖြစ်ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page