K pop

■ ဖိလစ်ပိုင်နာမည်ကျော်မင်းသား အရမ်းကြွေပါတယ်ဆိုတဲ့ BLACKPINK အဖွဲ့ဝင်

– – – -BLINK တစ်ယောက်ဖြစ်တဲ့ ဒီမင်းသားဟာ BLACKPINK အဖွဲ့ထဲမှာမှ ဒီအဖွဲ့ဝင်ကို အရမ်းကြွေတာပါတဲ့။

ကမ္ဘာတစ်လှမ်းလုံးမှာ BLACKPINK အဖွဲ့ဝင်ရဲ့ ပရိသတ်တွေ အများအပြားပဲလို့ ဆိုရမှာပါ။ BLACKPINK ရဲ့သီချင်းတွေဟာ လုံးဝအမိုက်စားဖြစ်ပြီး နားထောင်ရကောင်းသလို အဖွဲ့ဝင် (၄) ယောက်စလုံးကလည်း ဆွဲဆောင်မှု ရှိတာပါ။

ဒါတွေကြောင့်ပဲ BLACKPINK ဟာ ကမ္ဘာကို သိမ်းပိုက်ထားနိုင်တာလို့ ဆိုရမှာပါ။ BLACKPINK ကို အားပေးတဲ့အထဲမှာ သာမန်ပရိသတ်တွေသာမက နိုင်ငံတကာက နာမည်ကျော်အနုပညာရှင်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဖီလစ်ပိုင်နာမည်ကျော်မင်းသား Alden Richards ကလည်း BLACKPINK ရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူဟာ BLACKPINK ကို ကြိုက်နှစ်သက်ကြောင်း မကြာခဏ ထုတ်ဖော်ဖွင့်ဟခဲ့တာပါ။ BLACKPINK အဖွဲ့ထဲမှာမှ သူအကြွေဆုံးအဖွဲ့ဝင်ကတော့ Lisa ပါ။

ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ရာမှာတော့ Alden Richards ဟာ Lisa နဲ့ ပတ်သက်ပြီး အခုလိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။ “Wow..သူက သိပ်ချစ်ဖို့ကောင်းတာပဲ။ အရမ်းလည်း လှလွန်းတယ်။ ဒါကြောင့် Lisaကို ကျွန်တော် ကြွေတာပါ”လို့ Alden Richards က ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့ကြောင့် သူဟာ Lisa ရဲ့ Instagram ကို Follow လုပ်ထားပြီး Post တော်တော်များများကိုလည်း Like လုပ်ထားတာ တွေ့ရပါတယ်။ Alden Richards နဲ့ပတ်သက်ပြီး BLINK တွေကလည်း သဘောကျနှစ်သက်ခဲ့ကြပါတယ်။

You cannot copy content of this page