Celebrity

■ ကိုရီးယားသမ္မတနဲ့အတူ ကုလသမဂ္ဂအထွေထွေညီလာခံကို BTS လည်း တက်ရောက်မယ်

— BTS အဖွဲ့ဟာ နိုင်ငံဂုဏ်ဆောင်အဖြစ် ကိုရီးယား သမ္မတ Moon Jaein နဲ့အတူ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။

ဇူလိုင်လ 21 ရက်နေ့က တောင်ကိုရီးယား အိမ်ပြာတော် ကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်အရ BTS နဲ့ သမ္မတ Moon Jaein တို့ဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်မယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jaein ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှုတွေကို ပိုမိုတိုးတက်စေဖို့ အထူးသံတမန်အနေဖြင့် BTS အဖွဲ့ကို အထူးသံတမန်အနေနဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် BTS ရဲ့ Image ဟာ ကမ္ဘာ့အနှံ့ လူငယ်တွေရဲ့ စံပြဖြစ်တာကြောင့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် မိန့်ခွန်းတွေလည်း ပြောကြားဖို့ ဖိတ်ကြားခံ ရတာဖြစ်ပါတယ်။

တောင်ကိုရီးယားအိမ်ပြာတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ BTS အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံတော် ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှုတွေ အဆင့်တန်းမြင့်အောင်၊ ဒီပလိုမက်တစ်အားပြင်းထန် ပြီး ကမ္ဘာအဆင့်ပိုပြီး ဝင်ဆံ့နိုင်အောင် အထူးသံတမန်အဖြစ် ခန့်အပ်ခံရခဲ့တာဖြစ်ပါတယ်။ ကိုရီးယား နိုင်ငံရဲ့ ဂုဏ်နဲ့ လူမှုရေးရာတွေကို ကမ္ဘာက ပိုမိုမှတ်မိသိရှိအောင်လို့ BTS က စံနမူနာအနေနဲ့ လုပ် ဆောင်သွားမှာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။ BTS အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်မှာလည်းဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page