K pop

■ Sea of Hope မှာ သီချင်းဆိုရင် Rose’ မျက်ရည်ဝဲခဲ့တဲ့ အခိုက်အတန့်

– – – ဒီသီချင်းကို သီဆိုနေစဉ်မှာ Rose’ ဟာ ခံစားချက်ကို မထိန်းနိုင်တော့ဘဲ…

Sea of Hope အစီအစဉ်မှာ BLACKPINK အဖွဲ့ဝင် Rose’ ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ရင်း Rose’ ဟာ Yoo Jae Ha ရဲ့ Because I Love You သီချင်းကို သီဆိုရင်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ Rose’ ဟာ ဒီသီချင်းကို သီဆိုနေစဉ်မှာ ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ မျက်ရည်ဝဲခဲ့ပါတယ်။

“ဒီသီချင်းကို ကျွန်မ ဘယ်လိုဆိုရမလဲဆိုတာ တွေးနေခဲ့တယ်။ ဒီသီချင်းကို ကျွန်မ ပထမဆုံးအကြိမ်ဆိုဖူးတာပါ။ ဒါပေမဲ့ အာရုံစိုက်လို့ မရဘူးဖြစ်နေတယ်”လို့ Rose’ က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Rose’ က ဒီသီချင်းကို ကြားမိချိန်မှာ သူမရဲ့ မိဘတွေအကြောင်း တွေးမိကြောင်း၊ ဒါကြောင့် အဆုံးသတ်ပိုင်းမှာ ငိုချင်သလို ဖြစ်မိကြောင်း၊ ဒီသီချင်းမျိုးကို နားထောင်ချိန်မှာ မိဘတွေရဲ့ အချစ်ကို နားလည်ခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

Rose’ ရဲ့ သီချင်းသီဆို ဖျော်ဖြေမှုကို အစီအစဉ်မှာ ပါဝင်သူတွေက ချီးကျူးခဲ့ပြီး ကောင်းချီးပေးခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page