K pop

■ “Kingdom” ဇာတ်လမ်းတွဲမှာပါဖို့ Jun Ji Hyun ကိုယ်တိုင်တောင်းဆိုခဲ့တာလား

– – – Kingdom ရဲ့ Season သစ်မှာ ပါဝင်သွားမဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Jun Ji Hyun က…

နာမည်ကျော် ကိုရီးယား Zombie ဇာတ်လမ်းတွဲKingdom ရဲ့ Season အသစ်ကို ဇူလိုင်လ (၂၃) ရက်နေ့မှာ စတင်ထုတ်လွှင့်သွားတော့မှာပါ။

Season အသစ်မှာတော့ နာမည်ကျော ်စူပါစတား မင်းသမီး Jun Ji Hyun ပါဝင်သွားမှာ ဖြစ်ပါတယ်။ Season 2 အဆုံးသတ်မှာ Jun Ji Hyun ပါဝင်သွားမဲ့အကြောင်းကို သဲလွန်စပေးထားခဲ့တာပါ။

Season 3 နဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို Jun Ji Hyun အပါအဝင် Kingdom သရုပ်ဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ ဒီမှာ Jun Ji Hyun က အံ့အားသင့်ဖွယ်အရာတစ်ခုကို ဖွင့်ဟခဲ့ပြီး Kingdom မှာ ပါဝင်ခွင့်ရဖို့ သူမဘက်က တောင်းဆိုခဲ့တာလို့ ဆိုခဲ့ပါတယ်။

သူမအနေနဲ့ ဒီဇာတ်လမ်းတွဲကို အလွန်သဘောကျကြောင်း၊ ဇာတ်ညွှန်းဆရာမ Kim Eun Hee ရဲ့ ပရိသတ်လည်းဖြစ်ကြောင်း၊ Kim Eun Hee နဲ့ တွေ့ဆုံချိန်မှာ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုခဲ့ကြောင်း၊ zombie အနေနဲ့ ပါဝင်ခွင့်ရမယ်ဆိုရင်လည်း ဖြစ်ကြောင်း Jun Ji Hyun က ထုတ်ဖော်ခဲ့တာပါ။

ဒါကြောင့် သူမအနေနဲ့ ဒီဇာတ်လမ်းတွဲမှာ စိတ်ရော၊ ကိုယ်ပါနှစ်ပြီး အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်း Jun Ji Hyun က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page