K pop

■ Collab အလုပ်ချင်ဆုံး Idol ကို Chanyeol ဖွင့်ဟ

– -Chanyeol တစ်ယောက် Collab တွဲအလုပ်ချင်ဆုံး Idol က တခြားမဟုတ်ဘဲ……

MBC FM4U ရေဒီယိုအစီအစဉ်ဖြစ်တဲ့ Noon Song of Hope မှာ ပရိုဂျူဆာ Raiden က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ် ထုတ်လွှင့်နေရင်း Raiden ဟာ သူနဲ့ Collaboration ပြုလုပ်ခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol ဆီကနေ ဖုန်းလက်ခံရရှိခဲ့တာပါ။

Chanyeol နဲ့ Raiden တို့ဟာ Yours သီချင်းကို အတူတူ Collaboration ဖန်တီးခဲ့ကြတာပါ။ အဲဒီမှာ Chanyeol က သူ Collaboration လုပ်ချင်နေတဲ့ Idol ကို ဖွင့်ဟသွားခဲ့တာပါ။ Chanyeol တစ်ယောက် Collaboration လုပ်ချင်တဲ့သူကတော့ တခြားမဟုတ်ပါဘူး။ EXO အဖွဲ့ဝင် D.O. ပါပဲ။

“ဒီရက်ပိုင်းအတွင်း ကျွန်တော့်အနေနဲ့ EXO အဖွဲ့ဝင် D.O. နဲ့ Collaboration လုပ်ချင်နေပါတယ်။ ကျွန်တော်တို့ဟာ အကြိမ်အများကြီး သီချင်းတွေ တွဲဆိုခဲ့ကြတယ်။” လို့ Chanyeol က ဖွင့်ဟသွားခဲ့တာပါ။

Raiden နဲ့ ပတ်သက်ပြီးလည်း Chanyeol က သူ့အနေနဲ့ လူတွေနဲ့ ပထမဆုံးတွေ့ဆုံစဉ် ရှက်တတ်ကြောင်း၊ သီချင်းကောင်းတစ်ပုဒ်ကို ဖန်တီးခွင့် ရရှိခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်း၊ မကြာခင် ထပ်မံတွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

 

You cannot copy content of this page