တောင်ကိုရီးယားနိုင်ငံက အမျိုးသား Cele တွေဟာ မဖြစ်မနေစစ်မှုတာဝန်ထမ်းဆောင်ရတာ အားလုံး လည်းသိကြပါတယ်။ ဒီလို စစ်မှုတာဝန်ထမ်းဆောင်နေစဉ်မှာ အမျိုးသား Cele တွေအတွက် အခက်အ ခဲဆုံးအရာက ဘာဖြစ်မလဲလို့ ထင်ပါသလဲ…
Super Junior အဖွဲ့ဝင် Kyuhyun ကတော့ Knowing Bros အစီအစဉ်တစ်ခုမှာ သူ့ရဲ့ စစ်မှုတာဝန် ကာလ အတွင်း အခက်အခဲဆုံးအရာတစ်ခုကို ပြောကြားခဲ့ပြီး သူ့လို အခြား Cele တွေလည်း ခက်ခဲ လိမ့်မယ် လို့ ဆိုခဲ့ပါတယ်။ Kyuhyun ပြောတဲ့ အခက်အခဲဆုံးအရာက ရေချိုးတာဖြစ်ပါတယ်တဲ့။
Kyuhyun က ရေချိုးခန်းရှိတဲ့တစ်နေရာတည်းမှာ တစ်ချိန်တည်း စစ်သား 100 ကနေ 200 အထိ ရေ အတူချိုးကြတာပါလို့ ပြောခဲ့ပါတယ်။
“ ရေချိုးတဲ့အခါ အကုန်လုံးအတူတူသွားရတာပါ။ စစ်သား အယောက် 100 ကနေ 200 အထိ ရေချိုး ခန်းကို သွားရတာဖြစ်ပါတယ်”
-Kyuhyun
သူ့အနေနဲ့ ကံကောင်းတာက သူ့တပ်ခွဲက စစ်သားသူငယ်ချင်းတွေဟာ Cele တစ်ဦးဖြစ်တာကြောင့် ထောင့်ဆုံးနေရာကို ပေးလေ့ရှိတယ်လို့လည်း Kyuhyun က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ စစ်သားတွေအများအပြား ရေချိုးနေချိန်ဖြစ်ပြီး အလယ်မှာ ရေချိုးခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
“ ယောကျာ်းတွေချည်းပဲမို့လို့ အလယ်မှာရေချိုးရတဲ့အခါ ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ် လေ အားလုံးက Kyuhyun ရေချိုးနေတယ်။ ငါတု့ိ သွားကြည့်ကြစို့ဆိုတာမျိုးတွေလည်းရှိခဲ့ပါတယ်။ တကယ်ပါ အချို့ အယောက် 20၊ 30 လောက်ဆိုရင် ကျွန်တော်ရေချိုးနေတာကို မကြည့်ဖူးလို့ ဟန် ဆောင်နေကြပေမယ့် ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး စပ်စုနေကြတာဖြစ်ပါတယ်”
-Kyuhyun
-m2t
Ref: Koreaboo