—- Scandal ရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ Kris Wu ဟာ …
EXO အဖွဲ့ဝင်ဟောင်း နာမည်ကျော် တရုတ် စတားတစ်ဦးဖြစ်တဲ့ Kris Wu ကို ကမ္ဘာကျော် Brand တွေဖြစ်တဲ့ Porsche နဲ့ Bvlgari တို့ဟာ သူတို့ရဲ့ Brand Ambassador အဖြစ်ကနေ ပယ်ဖျက်ပြီး လက်တွဲဖြုတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Kris Wu ဟာ မကြာသေးခင်က အသက် 19 နှစ်အရွယ် Du Meizhu ဆိုတဲ့ ကောင်မလေးတစ်ဦးရဲ့ ဖောက်သည်ချမှုဖြင့် ကာမလိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး Image တွေကျဆင်းကာ ဝေဖန်မှု တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Kris Wu ဟာ အဆိုပါ ပြဿနာနဲ့ပတ်သက်ပြီး သူမမှားယွင်းကြောင်း ဖြေရှင်းချက်ထုတ်ထားပေမယ့် နောက်ဆက်တွဲရလဒ်အနေနဲ့ သူနဲ့ လက်တွဲထားတဲ့ ကမ္ဘာကျော် Brand တွေ လက်တွဲဖြုတ်ကုန်ကြ တာဖြစ်ပါတယ်။
Louis Vuitton Brand ဟာ Weibo ပေါ်မှာ သူတို့အနေနဲ့ 2018 ခုနှစ်ကစတင်ပြီး လက်တွဲခဲ့တဲ့ Brand Ambassador ဖြစ်သူ Kris Wu နဲ့ ပြဿနာအစစ်အမှန်မပေါ်ပေါက်ခင်အထိ ခဏရပ်ဆိုင်းလိုက်ပြီဖြစ် တယ်လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် နာမည်ကျော် Brand တွေဖြစ်တဲ့ Bvlgari နဲ့ Porsche တို့ဟာလည်း သူတို့ရဲ့ Brand Image တွေ ထိခိုက်မှာစိုးတဲ့အတွက် Kris Wu နဲ့ စာချုပ်ဖျက်သိမ်းကာ လက်တွဲဖြုတ်လိုက် ပြီလို့ ကြေညာခဲ့ပါတယ်။ Krius Wu ဟာ Porsche ကားကုမ္ပဏီရဲ့ 2021 ဧပြီလမှာ ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။ အဆိုပါ နာမည်ကျော် Brand တွေက လက်တွဲဖြုတ်လိုက်တာကြောင့် Kris Wu အနေနဲ့ များစွာဆုံးရှုံးခဲ့ရပြီး နောက်ထပ်လည်း Brand တွေ ထပ်မံဆုံးရှုံးဖွယ်ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။
-m2t
Ref: Allkpop