“ အစက ကျွန်တော် သီချင်းဆိုဖို့…ကဖို့ တကယ် စိတ်မဝင်စားခဲ့ပါဘူး” – Cha Eun Woo
Face Genius လို့နာမည်ကျော်ကြားတဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo ဟာ နှုတ်ခမ်းနီမလေးတွေ ရဲ့အသည်းစွဲ Idol တစ်ဦးဖြစ်ပါတယ်။ များစွာသောအရည်အချင်းတွေနဲ့အတူ နှစ်လိုဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်ရေး၊ စွန်းလန်းတဲ့ Visual ကြောင့် အချို့ Female Idol တွေတောင် သူ့နားမကပ်ရဲတဲ့အထိ အရောင်အဝါရှိသူဖြစ်ပါတယ်။
ဒီနေ့လိုမျိုး အောင်မြင်ကျော်ကြားနေတဲ့ Idol တစ်ဦးဖြစ်လာဖို့ လမ်းစပေးခဲ့တဲ့ နောက်ကွယ်က မိန်းက လေးတစ်ဦးရှိပါတယ်တဲ့။ ဒီအကြောင်းကို Cha Eun Woo က Master In The House အစီအစဉ်မှာ မကွယ်မဝှက်ဘဲ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ Cha Eun Woo က ငယ်စဉ်က သူနဲ့ခင်မင်ရင်းနှီးပြီး ကြိမ် Crush ခဲ့ရတဲ့မိန်းကလေးရှိခဲ့တယ် လို့ဆိုပါတယ်။ သူမနဲ့ သူငယ်ချင်းအဆင့်ထက် မပိုခဲ့ပေမယ့် အဲဒီတုန်းက သူဟာ သီချင်းသီဆိုဖို့နဲ့ ကဖို့ကို လုံး၀ စိတ်မဝင်စားခဲ့ဖူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သူ ကြိတ် Crush ခဲ့ရတဲ့ မိန်းကလေးဟာ FT ISLAND အဖွဲ့ရဲ့အကြီးစား Fan ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ကျောင်းသုံးပစ္စည်းတွေအပြင် အခြားအရာတွေမှာပါ FT ISLAND နဲ့ပတ်သက် တဲ့ စတစ်ကာတွေကိုပါ အသုံးပြုပြီး အားပေးတာကြောင့် FT ISLAND ကို သူ စိတ်ဝင်စားခဲ့ပြီး သူမ ကို ဘယ်အရာက ဆွဲဆောင်စေခဲ့သလဲလို့ဆိုတာ သိချင်လို့ FT ISLAND ရဲ့ Music တွေ နားထောင်ခဲ့ တယ်လို့ Cha Eun Woo က ပြောခဲ့ပါတယ်။
နောက်တော့ FT ISLAND ရဲ့ သီချင်းတွေနားထောင်ရင်းနဲ့ စတင်စိတ်ဝင်စားလာကာ ဝါသနာပါလာ ခဲ့တာလို့လည်း ပြောခဲ့ပါတယ်။ ငယ်စဉ်က Crush ရဲ့ လမ်းစပေးမှုကနေ အခုချိန်မှာ Cha Eun Woo ဟာ အောင်မြင်ကျော်ကြားနေတဲ့ Idol/Actor တစ်ဦးဖြစ်လို့နေပါပြီ။
-m2t
Ref: Koreaboo