– — သူမဟာ BLACKPINK အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သေးပြီး…
BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie နဲ့ Rose’ တို့ဟာ ကမ္ဘာပတ်ပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံလျက် ရှိနေတာပါ။
တလောတုန်းက သူတို့နှစ်ယောက်ဟာ လော့အိန်ဂျလိစ်ကို သွားခဲ့ပြီး Saint Laurent ရဲ့ Creative Director နဲ့ တွေ့ဆုံခဲ့သေးတာပါ။ လက်ရှိမှာလည်း Jennie နဲ့ Rose’ တို့ကို TikTok စတားBella နဲ့ တွေ့ဆုံနေတာ မြင်တွေ့ခဲ့ရပါတယ်။
Rose’ နဲ့ Bella တို့ကို ခန်းမတစ်ခုထဲမှာ ရင်းရင်းနှီးနှီးစကားပြောနေတာ တွေ့မြင်ခဲ့ရတာပါ။ သူတို့ဘာအကြောင်း ဆွေးနွေးနေသလဲဆိုတာကိုတော့ မသိခဲ့ရပါဘူး။
ဒီတွေ့ဆုံမှုအပြီး အင်တာဗျူး အစီအစဉ်မှာတော့ Bella ဟာ သူမအနေနဲ့ BLACKPINK အဖွဲ့ဝင် Rose’ နဲ့ Collab လုပ်ချင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။
“Rose’ နဲ့ Collab လုပ်ဖို့က ကျွန်မရဲ့ အိပ်မက်ပါ။ ကျွန်မအနေနဲ့ K-pop နဲ့ BLACKPINK အဖွဲ့ကို ချစ်မြတ်နိုးပါတယ်”လို့ Bella က ဆိုခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ ဒီ Collab နဲ့ ပတ်သက်ပြီး ရင်ခုန်လျက် ရှိနေပါတယ်။
-Ref: Koreaboo